ဂိမ်းတွေမှာပါ ခန္ဓာကိုယ်တစ်ခုလုံးကို gesture ထားနိုင်တော့မှာပါ
Nyein Min Wai

အကြိမ်ပေါင်း ၁ သန်းမှာ ၁ ခါပဲ လွဲသွားနိုင်တယ်ဆိုတဲ့ Face ID ဟာ iPhone သမိုင်းမှာ ထူးခြားဆန်းသစ်မှု အရှိဆုံး နည်းပညာပါ။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Vivo ဟာ iPhone X ရဲ့ Face ID ထက်ပိုမိုတိကျများပြားတဲ့ မျက်နှာပြင် အာရုံခံနည်းပညာသစ်ကို ထုတ်လုပ်နိုင်ပြီလို့ကြေငြာလိုက်တာပါပဲ။

 

pop-up ကင်မရာများ ၊ မှန်ပြင်အောက် လက်ဗွေစနစ်များ စတဲ့ ဆန်းသစ်တဲ့ နည်းပညာများကို ရှေ့ဆောင်လမ်းပြ အသုံးပြုလာတဲ့ Vivo ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပတဲ့ MWC ပွဲမှာ ToF 3D Sensing နည်းပညာသစ်ကို မိတ်ဆက်လိုက်တာပါ။ ဒီနည်းပညာဟာ Apple iPhone X နဲ့Xiaomi Mi 8 Explorer Edition တို့လို 3D မျက်နှာပြင်ဖတ်စနစ်ဖြစ်ပြီး လူတစ်ယောက်ရဲ့ မျက်နှာပြင်ကို သုံးမီတာ (၉ ပေကျော်) ကနေ ပုံဖော်ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

 

မျက်နှာကို ပုံဖော်ရာမှာလည်း iPhone X မှာ မျက်နှာပေါ်က အာရုံခံအမှတ်အသားပေါင်း ၃၀၀၀၀ ကို ဖတ်တာ ဖြစ်ပေမယ့် ToF 3D Sensing ကတော့ sensors ပေါင်း ၃ သိန်း အထိ ဖတ်သွားတာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ မျက်နှာပြင်ဖတ်တာအပြင် AR လုပ်ဆောင်ချက်များ ၊ ဂိမ်းတွေမှာ ခန္ဓာကိုယ် gesture သုံးခြင်း နဲ့လှုပ်ရှားမှုကို ထောက်လှမ်းတဲ့ motion tracking ၊ အရာဝတ္ထုများကို ဒစ်ဂျစ်တယ်နည်းအရ 3D ပုံဖော် ဖန်တီးခြင်းများ ၊ 3D ဓါတ်ပုံအတတ်ပညာ၊ ပညာရေးကဏ္ဍများနဲ့ရောဂါကုသရေးများမှာပါ အသုံးပြုနိုင်မှာပါ။

ToF နည်းပညာဟာ အရာဝတ္ထုတစ်ခုကနေ sensor ဆီကို အလင်းပြန်လာတဲ့ ကြာချိန်ကို တွက်ချက်ကာ မျက်နှာပြင်ကို တိုင်းတာတာ ဖြစ်ပြီး သူ့မှာပါတဲ့ sensor တွေဟာ iPhone X မှာ ထက် ပိုမိုရိုးရှင်းသေးငယ်သလို အလင်းဖွဲ့စည်းပုံအခြေပြုတဲ့ 3D Scanner တွေထက်ပိုပြီး လိုက်လျောညီထွေမှု ရှိတယ်လို့ဆိုပါတယ်။

 

Vivo ဟာ ဒီနည်းပညာကို အသေးစိတ်စမ်းသပ်စစ်ဆေးနေပြီး စံချိန်စံညွှန်းမီအောင် လုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ ထုတ်လုပ်မှု စံနဲ့ကိုက်ညီပြီဆိုတာနဲ့ဒီနည်းပညာကို စီးပွားရေးထုတ်ကုန်တစ်ရပ်အနေနဲ့မြင်ရမှာပါ။

 


Author


က္က