ပြိုင်ဆိုင်မှုအတွက် သွေးသစ်လောင်းနေတာပါ

ဒေါက်တာဘွဲ့ရထားတဲ့ နည်းပညာသမား ၈ ဦးကို တစ်ဦးစီအတွက် အနည်းဆုံး ဒေါ်လာ ၁ သိန်း ၃ သောင်းကနေ ၂ သိန်း ၉ သောင်း ၂ ထောင်အထိ ပေးသွားမယ်လို့Huawei ကုမ္ပဏီတည်ထောင်သူ ရန်ဇီဖိန်းရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

နှစ်အလိုက် လုပ်ခလစာအဖြစ် အခုလို တိုးမြှင့်သွားမယ့် အစီအစဉ်ဟာ Huawei ရဲ့ Speical Hiring အစီအစဉ် ပထမအသုတ်လည်း ဖြစ်ပါတယ်။ Huawei ဟာ အမေရိကန်မှာ ရှိတဲ့ Huawei ရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးဌာနခွဲ Futurewei Technologies မှာ အလုပ်အကိုင် ၆၀၀ ကျော် ဖြုတ်သွားမယ်လို့ကြေညာထားသလို အခုလို ထိပ်တန်းအဆင့် ပညာရှင်တွေ ခန့်အပ်မယ့်အကြောင်းလည်း ထုတ်ပြန်ထားတာပါ။



Photo: straitstimes


ရှင်းကျန့်အခြေစိုက် Huawei ကုမ္ပဏီအနေနဲ့ပြိုင်ဘက်တွေနဲ့စွမ်းရည်ချင်း ယှဉ်ဖို့ကမ္ဘာနဲ့အဝှမ်းက ထိပ်တန်း အိုင်တီပညာရှင်ပေါင်း ၂၀ ကနေ ၃၀ အထိကို မက်လောက်စရာ လစာပေးပြီး ခန့်အပ်ဖို့စီစဉ်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဒေါက်တာဘွဲ့ဒီဂရီတွေနဲ့ဘွဲ့ရခါစ လူငယ်သစ်တွေကို တစ်နှစ်လုပ်ခ ယွမ် ၈၉၆၀၀၀ ( မြန်မာငွေ သိန်း ၁၉၅၀ ကျော်) ကနေ ယွမ် ၂.၀၁ သန်း ( မြန်မာငွေ သိန်း ၄၄၁၅ သိန်းခန့်) အထိ ပေးသွားမယ်လို့မစ္စတာရန်ရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

" Huawei ဟာ အနာဂါတ်မှာ နည်းပညာနဲ့စီးပွားရေး ယှဉ်ပြိုင်မှုတွေမှာ အနိုင်ရဖို့လိုပါတယ်။ " လို့မစ္စတာရန်ရဲ့ အီးမေးလ်ကို ကိုးကားပြီး South China Morning Post သတင်းမှာဆိုပါတယ် ။ ဒီမေးလ်ထဲမှာပဲ အဖွဲ့အစည်း အကျိုုးရှိဖို့ထိပ်တန်း ဉာဏ်ရည်မြင့်တဲ့ ဝန်ထမ်းတွေ ခန့်ရာမှာ အမြင့်ဆုံး စိန်ခေါ်မှုတွေနဲ့လုပ်ခစာတွေ လိုမယ်လို့ပြောထားပါတယ်။

Photo: CNBC

ပြီးခဲ့တဲ့ သုံးလပတ်အတွင်း Huawei ဟာ ထူးထူးခြားခြား ကာလတူကထက် ဝင်ငွေ ၃၄% တက်လာခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားမှာ အခုလို ဝင်ငွေရာနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Huawei ဟာ ကမ္ဘာအရပ်ရပ်မှာ 5G မိုဘိုင်းလ်ကွန်ရက်အတွက် Commercial စာချုပ်ပေါင်း ၅၀ ချုပ်ဆိုထားနိုင်ပြီး ဒီထဲက ၂၈ ခုဟာ ဥရောပနိုင်ငံတွေက ဖြစ်တယ်လို့ဆိုပါတယ်။

Huawei ဟာ သုတေသနဲ့ဖွံ့ဖြိုးရေးပိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံထားပြီး ဒီနှစ်ထဲမှာ R&D အတွက် ယွမ် ဘီလျံ ၁၂၀ မြှပ်နှံသွားမယ်လို့ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က