သီးသန့်app တွေအဖြစ် ခွဲထုတ်သွားဖို့လည်း ရှိပါတယ်။
Nyein Min Wai

၂၀၀၁ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က စတင်မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ သီချင်းဂီတဝန်ဆောင်မှု iTunes ဟာ ၁၈ နှစ်ကျော် အကြာမှာ အပြီးတိုင် ရပ်နားသွားဖို့ရှိပါတယ်။


         Apple ဟာ Facebook နဲ့Instagram တွေပေါ်က iTunes စာမျက်နှာတွေကို ဖျက်သိမ်းထားတယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ MacRumors နဲ့Reddit သုံးသူတွေဟာ ဒီအချက်ကို အရင်ဆုံး သတိထားမိတာ ဖြစ်ပြီး iTunes ရဲ့ Facebook နဲ့Instagram pages တွေပေါ်က ဓါတ်ပုံ ၊ ပို့စ်နဲ့ဗွီဒီယိုတွေ အားလုံး ဖယ်ရှားခံရတာလည်း ဖြစ်ပါတယ်။

Photo: The Verge

         MacRumors သတင်းမှာတော့ Facebook ဟာ iTunes အကောင့်တွေကို Apple TV တွေပေါ် ရွှေ့ပြောင်းသွားဖို့ရှိတယ်လို့မှတ်ချက်ပြုထားပါတယ်။ iTunes ရဲ့ Twitter အကောင့်ကတော့ အခုချိန်အထိ Active ဖြစ်နေတာကြောင့် Apple အနေနဲ့Facebook နဲ့အဆက်အသွယ်ဖြတ်တာလည်း ဖြစ်နိုင်တယ်လို့ခန့်မှန်းမှုတွေ ရှိနေပါတယ်။

         ပြီးခဲ့တဲ့ ဧပြီလမှာ Apple ဟာ macOS ဗားရှင်းသစ်မှာ Music ၊ Podcasts နဲ့TV ကဏ္ဍတွေကို သီးသန့်apps အဖြစ် ခွဲထုတ်သွားဖို့ရှိတယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ Apple ဟာ ဇွန် ၃ ရက်ကနေ ၇ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမှာ နှစ်စဉ်ကျင်းပနေကျ World Wide Developer Conference ( WWDC 2019) ကို ကျင်းပသွားမှာပါ။ ဒီပွဲမှာ macOS 10.15 ၊ iOS 13 နဲ့အတူ WatchOS 6 ၊ TVOS 13 တို့ကို ကြေညာသွားမှာပါ။

         WWDC မှာ Apple အနေနဲ့iTunes ကို ဖျက်သိမ်းကြောင်း ကြေညာသွားမလား စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က