တစ်ချို့ app ထဲက username တွေပါ ယူသွားတယ်လို့ဆိုပါတယ်

တရုတ်နယ်စပ်ရဲတွေဟာ တစ်ချို့ဒေသတွေကို ဝင်ရောက်လာတဲ့ ခရီးသွားတွေရဲ့ ဖုန်းတွေထဲ စောင့်ကြည့်ရေး app တွေ တိတ်တဆိတ်ထည့်သွင်းနေတယ်လို့ဆိုပါတယ်။

         တရုတ်အနောက်မြောက်ပိုင်း ဝီဂါမွတ်စလင်အများစု နေထိုင်ရာ ရှီဇန်းဒေသကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို စောင့်ကြည့်နေတာ ဖြစ်တယ်လို့The Guardian ၊ Motherboard ၊ New York Times အပါအဝင် သတင်းဌာနအများအပြားက ဖော်ပြထားတာပါ။ ရှီဇန်းဒေသက နယ်စပ်အရာရှိတွေဟာ ဒီနယ်မြေထဲ ဝင်လာတဲ့ ခရီးသွားတွေရဲ့ ဖုန်းကို လော့ခ်ဖွင့်ခိုင်းပြီး ဖုန်းကို တစ်နေရာကို ယူသွားတယ်လို့သတင်းတွေက ဆိုပါတယ်။

         iPhone ကိုင်တဲ့ ခရီးသွားတွေဆိုရင် သူတို့ရဲ့ ဖုန်းထဲက အကြောင်းအရာတွေကို စကင်ဖတ်တဲ့ စက်နဲ့ချိတ်ပြီး ကြည့်တယ်လို့သတင်းတွေက ဖော်ပြထားပါတယ်။ အန်းဒရိုက်ဖုန်းတွေမှာတော့ နယ်စပ်ရဲတွေဟာ ဖုန်းထဲကို စကင်ဖတ်ပြီး အချက်အလက်တွေ ရယူနိုင်မယ့် Spyware app တစ်ခု သွင်းလိုက်တယ်လို့ဆိုပါတယ်။

         ဖုန်းထဲမှာ တိတ်တဆိတ်ထည့်လိုက်တဲ့ app ကို BXAQ သို့မဟုတ် Fēng cǎi လို့ခေါ်ပြီး ဖုန်းထဲက ဆက်သွယ်ရန် ဖုန်းနံပါတ်တွေ ၊ ပို့ထားတဲ့ Text Message တွေ ၊ ဖုန်းခေါ်ဆိုထားတဲ့ မှတ်တမ်း ၊ ပြက္ခဒိန်စာရင်းတွေ ၊ ဖုန်းထဲမှာ ဘာ app တွေ သွင်းထားတယ်ဆိုတဲ့ အချက်အပြင် တစ်ချို့apps တွေမှာ သုံးတဲ့ username ကိုပါ ယူသွားတာပါ။ ဒီအချက်အလက်တွေကိုတော့ ဆာဗာတစ်ခုဆီ ပို့တယ်လို့The Guardian မှာ ဖော်ပြထားပါတယ်။

Photo: nytimes

         ဒီ app ဟာ ဖုန်းထဲက ဖိုင်ပေါင်း ၇၃၀၀၀ ကျော် စကင်ဖတ်နိုင်ပြီး ဒီထဲမှာ အစွန်းရောက်အကြောင်းအရာတွေအပြင် ကိုရန်ကျမ်းစာသားတွေနဲ့ဂျပန်မှ မက်တဲလ်တီးဝိုင်းတစ်ခုရဲ့ သီချင်းတွေပါ ပါဝင်ပါတယ်။ Fēng cǎi app ဟာ နယ်မြေထဲက ထွက်ခွာချိန်မှာ ဖျက်ပစ်ဖို့ရည်ရွယ်ထားပုံ ရပေမယ့် နယ်စပ်ရဲတွေရဲ့ မေ့လျော့မှုကြောင့် အခုလို ပေါက်ကြားးလာတာပါ။

         အလားတူ spyware သွင်းမှုဟာ ကိုင်ဇက်စတန်ကနေ တရုတ်နိုင်ငံထဲ ဝင်လာတဲ့ သူတွေမှာလည်း ကြုံခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရှန်းကျန့်အခြေစိုက် မျက်နှာပြင်ဖတ် နည်းပညာကုမ္ပဏီ SenseNets Technology ဟာ ရှီဇန်ဒေသကလူပေါင်း ၂.၅ သန်းကျော်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တယ်လို့သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က