အလားတူအမှုမျိုး တစ်ခြား ၂ နေရာမှာလည်း ဖြစ်ထားပါတယ်။
Nyein Min Wai

ဂျော်ဂျီယာပြည်နယ်မှ Best Buy စတိုးတစ်ခုအတွင်းရှိ iPhone ၊ iPad နဲ့MacBook အပါအဝင် တန်ဖိုးကြီး Apple products များ ခိုးယူခံလိုက်ရတယ်လို့ဒေသတွင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

[No available link text] 

Dunwoody မှာရှိတဲ့ Best Buy စတိုးဆိုင်ကို ဖောက်ထွင်းသူများဟာ Mission Impossible ဇာတ်ဝင်ခန်းထဲက အတိုင်း ဆိုင်ခေါင်မိုးကို ဖောက်ပြီး ဝင်ရောက်လာခဲ့တာပါ။ Best Buy ဆိုင်ရဲ့ ပစ္စည်းမှားထားတဲ့ စတိုခန်းထဲ ဝင်ပြီးနောက် ဒေါ်လာ ၁ သိန်းတန် iPhone ၊ iPad နဲ့Macs များကို ယူသွားခဲ့တာပါ။ စတိုခန်းအတွင်းမှာ စောင့်ကြည့်ရေးကင်မရာ မရှိတာကြောင့် ရဲတပ်ဖွဲ့ဟာ ဆိုင်ရဲ့ အခြားစောင့်ကြည့်ရေး ကင်မရာတွေကနေတစ်ဆင့် သံသယရှိသူများကို ရှာဖွေထောက်လှမ်းနေတယ်လို့ဆိုပါတယ်။

ယခုဖောက်ထွင်းမှုဟာ တက္ကဆက်နဲ့ဖလော်ရီဒါမှာ ဖြစ်ပွားတဲ့ အမှုနဲ့တစ်ပုံစံတည်း ဖြစ်တာကြောင့် ရဲတပ်ဖွဲ့အနေနဲ့အမှုကျူးလွန်သူများဟာ တစ်ဖွဲ့တည်း ဖြစ်မဖြစ်ဆိုတာပါ ဆက်လက်စုံစမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်။ iPhone အပါအဝင် Apple ရဲ့ ထုတ်ကုန်များဟာ တန်ဖိုးကြီးနည်းပညာပစ္စည်းဖောက်ထွင်းရေးသမားများအတွက် ပစ်မှတ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် iPhone X မိတ်ဆက်မယ့် ညမှာလည်း ဆန်ဖရန်စစ္စကိုမှ Stonestown Apple Store ရဲ့ iPhone X အလုံးရေ ၃၁၃ လုံး အခိုးခံခဲ့ရပါတယ်။ iPhone X တစ်လုံးကို ပျမ်းမျှဒေါ်လာ ၁၀၀၀ နဲ့တွက်ချက်ကြည့်မယ်ဆိုရင် ဒါဟာ အနည်းဆုံး ဒေါ်လာ ၃ သိန်း ၇ သောင်းကျော် အခိုးခံရတာလည်း  ဖြစ်ပါတယ်။

180619-best-buy-mission-impossible-feature.jpg

အခင်းဖြစ်ပွားရာ Best Buy စတိုး

 

ဂျော်ဂျီယာရဲတပ်ဖွဲ့အနေနဲ့ယခုအခိုးခံလိုက်ရတဲ့ Apple ထုတ်ကုန်များ အပြင်ဈေးကွက်မှာ ရောင်းချထားသလားဆိုတာကိုပါ လိုက်လံစုံစမ်းနေပါတယ်။ တကယ်လို့ဒီပစ္စည်းတွေကို စပြီး သုံးလိုက်မယ်ဆိုရင်တော့ Apple ဟာ Find My iPhone နည်းပညာနဲ့ပြန်ရှာနိုင်ဖို့လည်း ရှိပါတယ်။


က္က