ရွေးကောက်ပွဲကာလမှာ political ads တွေ တက်လာလို့ပါ

Google နဲ့Facebook ဟာ ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးကြော်ငြာမှုတွေ ခွင့်ပြုပေးခဲ့တယ်လို့ရုရှားမှ ဆက်သွယ်ရေးစောင့်ကြည့်တဲ့ အဖွဲ့အစည်းတစ်ခုမှ ဆိုပါတယ်။


စက်တင်ဘာ ၈ ရက် တနင်္ဂနွေနေ့က မော်စကိုအပါအဝင် ဒေသဆိုင်ရာ ရွေးကောက်ပွဲကျင်းပနေချိန်မှာ Facebook နဲ့Goolge တို့ဟာ နိုင်ငံရေးဆိုင်ရာ ads တွေကို ဖြုတ်ချရမယ့်အစား တင်ခွင့်ပြုထားတယ်လို့ရုရှားဆက်သွယ်ရေးဆိုင်ရာ watchdog အဖွဲ့အစည်း Roskomnadzor ရဲ့ ပြောကြားမှုကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photo: themoscowtimes

"မဲပေးတဲ့ နေ့Google ရဲ့ search engine ရော ၊ Facebook နဲ့YouTube အပါအဝင် မီဒီယာတွေမှာ စောင့်ကြည့်မှု လုပ်ချိန်အတွင်းမှာ နိုင်ငံရေး ကြော်ငြာတွေ ရှိနေခဲ့ပါတယ်။" လို့Roskomnadzor ရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ပါတယ်။" ဒီလုပ်ရပ်တွေဟာ ရုရှားရဲ့ အချုပ်အခြာအာဏာကို စွက်ဖက်မှုအဖြစ် မြင်ပြီး ရုရှားဖက်ဒရေးရှင်းအတွင်း ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်"

Roskomnadzor ဟာ တနင်္ဂနွေနေ့နဲ့ဒီအရင်တစ်ရက်ကတည်းက ရွေးကောက်ပွဲအတွင်း နိုင်ငံရေး ကြော်ငြာများ လွှင့်တင်မှုကို ပိတ်ပင်ဖို့Google နဲ့Facebook တို့ကို တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ Google ပိုင် video ပလက်ဖောင်းဖြစ်တဲ့ YouTube ဟာ အစိုးရ အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် ရွေးကောက်ပွဲမတိုင်ခင်မှာ ရုရှားအတိုက်ခံခေါင်းဆောင် အလက်ဇီနာဗယ်နီရဲ့ ads တွေကို ဖယ်ရှားခဲ့ပါတယ်။

Google နဲ့Facebook တို့ဟာ ရုရှားမှာ censorship ကြောင့် ကန့်သတ်ပိတ်ပင်မှုတွေ ကြုံနေရသလို ရုရှား users တွေရဲ့ ဒေတာတွေကို နိုင်ငံအတွင်းက ဆာဗာတွေမှာ သိမ်းဖို့ပါ ဖိအားပေးခံရနေတယ်လို့Forbes သတင်းက ဆိုပါတယ်။



က္က