FireEye ဆိုက်ဘာကုမ္ပဏီက စတွေ့ခဲ့တာပါ
Nyein Min Wai

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာ Facebook ဟာ အီရန်နဲ့ရုရှားတို့ရဲ့ သြဇာသက်ရောက်နေတဲ့ နိုင်ငံရေးကမ်ပိန်းများနဲ့ဆက်စပ်နေတဲ့ pages နဲ့အကောင့်တုပေါင်း ၆၅၀ ကျော်ကို ရှင်းလင်းလိုက်ပါတယ်။



_103119612_hi047234505.jpg

Photo: BBC

 

ကမ်ပိန်း ၄ ခုနဲ့ဆက်စပ်ပြီး နိုင်ငံရေးပို့စ်တွေ တင်နေတဲ့ Facebook page များ အကောင့်တုများကို ဆိုက်ဘာလုံခြုံရေးအေဂျင်စီတစ်ခု ဖြစ်တဲ့ FireEye က ပထမဆုံး ထုတ်ဖော်ခဲ့တာပါ။ FireEye ဟာ ဒီကမ်ပိန်းနဲ့ရုရှား နဲ့အီရန်တို့အကြား ဆက်စပ်မှုကို တွေ့ခဲ့တယ်လို့Facebook က ကုမ္ပဏီရဲ့ blog ပို့စ်မှာ ဖော်ပြထားပါတယ်။

"သူတို့ဘယ်လိုလူတွေပါ ၊ ဘာတွေ လုပ်နေတာပါ ဆိုတာနဲ့ပတ်သတ်ပြီး လူတွေကို တလွဲမက်ဆေ့ပေးထားတဲ့ အကောင့်ကွန်ရက်တွေ ရှိနေပါတယ်။" လို့မတ်ဇ်ဇူကာဘတ်က ပြောပါတယ်။ "ဒါမျိုးမရိုးဖြောင့်တာကိုတော့ ကျွန်တော်တို့ဘက်က ban ပါတယ်။ လူတွေဟာ Facebook ပေါ်က သူတို့ဆက်ဆံနေရတဲ့ သူတွေနဲ့ပတ်သတ်ပြီး ယုံကြည်နိုင်ဖို့လိုပါတယ်"

FireEye ဟာ ပြီးခဲ့တဲ့ လထဲမှာ Liberty Front Press နာမည်နဲ့ပေ့ခ်ျကွန်ရက်ကြီးတစ်ခု အကြောင်း Facebook ကို အသိပေးခဲ့ပါတယ်။ ဒီ network ထဲမှာ အကောင့် ၇၀ ၊ Facebook Group ၃ ခု ၊ facebook followers ၁ သိန်း ၅ သောင်း ၅ ထောင် နဲ့Instagram follower ၄ သောင်း ၈ ထောင် ရှိတဲ့ Instagram အကောင့် ၇၆ ခု ပါဝင်နေပါတယ်။

Facebook ရဲ့ အဆိုအရ ဒီ network ဟာ အီရန် နိုင်ငံပိုင်မီဒီယာနဲ့ဆက်စပ်နေတာကို ဖုံးကွယ်ဖို့၂၀၁၅ ခုနှစ်ကနေ အခုထိ ဒေါ်လာ ၆၀၀၀ ကျော် သုံးထားတယ်လို့ဆိုပါတယ်။ ဒီအတွင်းမှာ ယင်းကွန်ရက်ဟာ event သုံးခု ကျင်းပခဲ့ပါတယ်။ Liberty Free Press ကွန်ရက်ဟာ အကောင့်တွေ ဟက်တာ ၊ malware ဖြန့်တာတွေအပြင် သတင်းအဖွဲ့အစည်းအနေနဲ့တင်နေတဲ့ ပေ့ချ်တွေနဲ့လည်း အဆက်အသွယ် ရှိထားပါတယ်။

အီရန်နဲ့ဆက်စပ်တဲ့ အကောင့်တွေ ၊ ပေ့ချ်တွေဟာ ၂၀၁၁ ခုနှစ်ထဲမှာ အရှေ့အလယ်ပိုင်း ၊ ယူကေနဲ့အမေရိကန်တို့မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြောင်း ပို့စ်တွေ share ခဲ့ကြပြီး ပေ့ျ်ပေါင်း ၁၆၈ ခု ၊ Facebook အကောင့် ၁၄၀ နဲ့followers ပေါင်း ၈ သိန်းကျော် ရှိတဲ့ Instagram အကောင့် ၃၁ ခု ပါဝင်ပြီး ၂၀၁၂ ကနေ ယခုနှစ် ဧပြီလအထိ ကြော်ငြာအတွက် ဒေါ်လာ ၆၀၀၀ ကျော် သုံးခဲ့တယ်လို့ဆိုပါတယ်။

[No available link text] 

ဒီအတွင်းမှာ Twitter ကလည်း အီရန်နဲ့ဆက်စပ်နေတဲ့ အကောင့်ပေါင်း ၂၈၄ ခုကို ဆိုင်းငံ့ပိတ်ပင်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က