loading...

loading...

loading...

ငွေညှစ်တာကို လိုက်လျောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်
Nyein Min Wai

ခုတင် ၁၃၀၀ ဆန့် Rouen ဆေးရုံဟာ Ransomware တိုက်ခိုက်ခံရမှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် စက္ကူနဲ့ဘောပင် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

Rouen မှာ ရှိတဲ့ တက္ကသိုလ်ဆေးရုံစင်တာ CHU ဟာ cryptovirus လို့ခေါ်တဲ့ Ramsomware တစ်မျိုး တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ Le Monde သတင်းစာမှာ ဖော်ပြထားပါတယ်။ CHU Rouen ဆေးရုံမှာ ရှတဲ့ ကွန်ပျူတာပေါင်း ၆၀၀၀ မှာ Ransomware ကူးစက်ခံရပြီးနောက် ဆေးရုံဝန်ထမ်းတွေဟာ ကွန်ပျူတာစနစ် အသုံးမပြုနိုင်တော့ပါဘူး။

Photo: BBC


ဆေးရုံရဲ့ Facebook စာမျက်နှာမှာတော့ လူနာတွေအားလုံး ဘေးကင်းကြောင်း ဖော်ြပထားပါတယ်။ Le Monde သတင်းအရ ပြင်သစ် အမျိုးသားဆိုက်ဘာရာဇဝတ်မှုအေဂျင်စီ ANSSI ဟာ ယခုတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနေပြီး ကူးစက်ခံထားရတဲ့ ကွန်ပျူတာတွေမှာ ရှင်းလင်းရေး လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

" ဒီနှစ်ပိုင်းတွေထဲ ဆေးရုံတွေ Ransomware တိုက်ခိုက်ခံရတယ်ဆိုပြီး ကြားနေရတာ အဆန်းတော့ မဟုတ်ပါဘူး။ များသောအားဖြင့် လုံခြုံရေးပိုင်းအားနည်းချက်တွေ ရှိနေတာက အခုလို တိုက်ခိုက်ခံရတဲ့ အဓိက အကြောင်းရင်းပါ။ ဆေးရုံအတော်များများဟာ လုံခြုံရေးချိုးဖောက်ဖို့ လွယ်ကူတဲ့ စနစ်ဟောင်းတွေ သုံးနေကြပါတယ်" လို့ KnowBe4 ရဲ့ လုံခြုံရေးအသိပညာပေးရေးဆိုင်ရာ အတိုင်ပင်ခံ Javvad Malik က ဆိုပါတယ်။

ဆေးရုံကွန်ရက်တွေထဲ Ransomware ထိုးဖောက်မှုဖြစ်ရတဲ့ အကြောင်းတွေထဲမှာ phishing အီးမေးလ်တွေ လုံခြုံမှု မရှိတဲ့ ဆော့ဖ်ဝဲလ်တွေကနေ ဝင်တာ များတယ်လို့ လည်း Malik က ပြောပါတယ်။ CHU ကတော့ Ransomware ငွေညှစ်မှုကို လိုက်လျောမှာ မဟုတ်ဘူးလို့ ပြောထားပြီး ရဲတပ်ဖွဲ့မှလည်း ဒီတိုက်ခိုက်မှုရဲ့ အရင်းအမြစ်ကို စုံစမ်းနေပါတယ်။

Photo: SecNews



SC Media UK ရဲ့ နိုဝင်ဘာလထဲမှာ ထုတ်ပြန်တဲ့ အချက်အလက်များအရ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ၂၀၁၉ ပထမ တတိယသုံးလပတ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခြင်းဟာ သုံးပုံ ၂ ပုံ (၆၀%) အထိ ပိုမို မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ယူကေရဲ့ အကြီးဆုံး အမျိုးသား ကျန်းမာရေးဝန်ဆောင်မှု NHS ဟာ ကမ္ဘာ့အကြီးဆုံး Ransomware တိုက်ခိုက်မှုဖြစ်တဲ့ WannaCry ကြောင့် စတာလင်ပေါင် ၉၂ သန်းအထိ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

ယခုနှစ် ဩဂုတ်လထဲမှာပဲ ပြင်သစ်မှ Ramsay Group ပိုင် ပုဂ္ဂလိကဆေးရုံ ၁၂၀ ဟာ Ransomware တိုက်ခိုက်ခံရပြီး ဝှက်ထားတဲ့ဖိုင်တွေ ပြန်ဆည်ဖို့ ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန်သူတွေကို ငွေပေးခဲ့ရတယ်လို့ ဆိုပါတယ်။


loading...

က္က