US chip maker တွေရဲ့ ရှယ်ယာကျဆင်းသွားပါတယ်

ယခုတစ်ပတ် သောကြာနေ့မှာပဲ အမေရိကန်ကုန်သွယ်ရေးဌာနဟာ တရုတ်မှ နည်းပညာကုမ္ပဏီ ၅ ခုကို Entity List စာရင်းသွင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။


         CNBC သတင်းမှာ ဖော်ပြချက်အရ အမေရိကန်ကုန်သွယ်ရေးဌာနဟာ တရုတ်အခြေစိုက် Higon ၊ Sugon ၊ Chengdu Haiguang Integrated Circuit ၊ Chengdu Haiguang Microelectronics Technology နဲ့Wuxi Jiangnan Institute of Computing Technology စတဲ့ ကုမ္ပဏီ ၅ ခုကို စီးပွားရေး ပိတ်ဆို့လိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။



Photo: dealstreetasia

         ဒီကုမ္ပဏီ ၅ ခုဟာ အမေရိကန်မှ ထုတ်လုပ်ထားတဲ့ ချပ်စ် နဲ့ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူခွင့် ပိတ်ပင်ခံရမှာလည်း ဖြစ်ပါတယ်။ အမေရိကန်ကုန်သွယ်ဌာနဟာ နိုင်ငံလုံခြုံရေးနဲ့အမေရိကန်ရဲ့ နိုင်ငံခြားမူဝါဒ အကျိုးသက်ရောက်မှုတွေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်နိုင်တဲ့ အန္တရာယ်ရှိလို့ ပိတ်ပင်တာလို့ဆိုပါတယ်။ ဒီထဲမှာ Sugon ကုမ္ပဏီဟာ စစ်တပ်အတွက် စွမ်းရည်မြင့်ကွန်ပျူတာအမျိုးမျိုး ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီလို့လူသိရှင်ကြား ကြေညာထားပါတယ်။

         ထုတ်ပြန်ချက်မှာပဲ Wuxi Jiangnan Institute of Computing Technology ဟာလည်း တရုတ်စစ်တပ်ကို ခေတ်မီအဆင့်မြင့်အောင် ပံ့ပိုးပေးဖို့တည်ထောင်ထားတာလို့ဖော်ပြထားပါတယ်။ CNET ရဲ့ သတင်းမှာ Wuxi ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အထွေထွေရေးရာ ၅၆ ခုမြောက် သုတေသနအဖွဲ့အစည်းက ပိုင်ဆိုင်တာလို့ဆိုပါတယ်။

အမေရိကန်ရဲ့ BlackList ထဲမှာ ပါတဲ့ Higan ဟာ Integrated Circuits (ICs) များ ၊ အီလက်ထရွန်းနစ် သတင်းအချက်အလက် စနစ်များ ၊ ဆော့ဖ်ဝဲလ်နဲ့ကွန်ပျူတာစနစ်များ ထုတ်လုပ်နေတာ ဖြစ်ပြီး Chengdu ကတော့ ICs တွေ ထုတ်လုပ်ပြီး X86 architecutre chips တွေ ဒီဇိုင်းထုတ်နေတာပါ။

Photo: Bloomberg

         အမေရိကန် ကုန်သွယ်ရေးဌာနဟာ ပြီးခဲ့တဲ့ မေလမှာလည်း Huawei နည်းပညာကုမ္ပဏီကို အမေရိကန်ကုမ္ပဏီများနဲ့စီးပွားရေး ဆက်ဆံမှု ဖြတ်တောက်ဖို့Entity List သွင်းခဲ့ပါတယ်။ CNBC ရဲ့ အဆိုအရ တရုတ်နည်းပညာကုမ္ပဏီ ၅ ခု ပိတ်ပင်လိုက်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် US Chip maker တွေရဲ့ စတော့တန်ဖိုးကျဆင်းလာနေပြီး Nvidia ကတော့ ၁% နဲ့Xilinx ကတော့ ၂.၂% နှုန်း နဲ့Advanced Micro Devices က ၂% အထိ ကျဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က