ဖုန်းခေါ်တာနဲ့SMS ပို့တာ လုပ်နိုင်ပါတယ်
Nyein Min Wai

ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီဖြတ်တောက်လိုက်တယ်လို့ဆိုပါတယ်။

           

           ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဟာ တယ်လီကွန်းကုမ္ပဏီအားလုံးကို ရခိုင်နဲ့ချင်းပြည်နယ်မှ မြို့နယ် ၉ ခုနဲ့ချင်းပြည်နယ်တို့မှာ အင်တာနက် ယာယီဖြတ်တောက်ဖို့ညွှန်ကြားချက် ပို့ထားတယ်လို့Telenor Group က ထုတ်ပြန်ထားပါတယ်။ ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေခြင်း ၊ ဥပဒေမဲ့လုပ်ရပ်တွေ လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် အင်တာနက် အသုံးပြုမှုကို ပိတ်ပင်လိုက်တာလို့ဆိုပါတယ်။

Photo: amnesty

           အင်တာနက် အသုံးပြုမှု ဖြတ်တောက်ခြင်းဟာ ယခုသောကြာနေ့နောက်ပိုင်းက စတင် သက်ရောက်မယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အင်တနာ်က်ယာယီဖြတ်တောက်ခံရတဲ့ မြို့နယ်တွေကတော့ ရခိုင်ပြည်နယ်မှ မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ မြောက်ဦး ၊ ကျောက်ဦး ၊ မင်းပြား ၊ မြေပုံမြို့နယ်များနဲ့ချင်းပြည်နယ် ပလက်ဝတို့ဖြစ်တယ်လို့ဆိုပါတယ်။ အင်တာနက်လိုင်း ပိတ်ထားပေမယ့် ဖုန်းပြောတာ ၊ SMS ပေးပို့တာတွေ လုပ်ဆောင်နိုင်မယ်လို့လည်း သိရပါတယ်။

 

အခုလို ရခိုင်နဲ့ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အင်တာနက် ဖြတ်တောက်မှုနဲ့ပတ်သက်ပြီး Ooredoo မြန်မာကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် (ယခုသတင်းရေးပြီးချိန်အထိ) အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။         

           ပဋိပက္ခဖြစ်ပွားရာဒေသတွေနဲ့အခြေအနေမျိုးမှာ အင်တာနက်နဲ့လူမှုကွန်ရက်များ ပိတ်ပင်မှုတွေ လုပ်လေ့ရှိကြပြီး ယခုနှစ် အီစတာပွဲတော်ကာလအတွင်း သီရိလကာၤမှ ရိုမန်ကတ်သလစ် ဘုရားကျောင်းနဲ့အဆင့်မြင့်ဟိုတယ်တွေ အပါအဝင် နေရာ ၈ နေရာမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုဖြစ်ပြီးနောက် သီရိလကာၤအစိုးရဟာ ပြည်သူများအကြား သတင်းအချက်အလက် အမှားဖြန့်ချိမှုကနေ ကာကွယ်ဖို့လူမှုကွန်ရက်တွေကို ပိတ်ချထားခဲ့ပါတယ်။

           အင်ဒိုနီးရှားမှာလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တဲ့ အဓိကရုဏ်းကာလမှာလည်း အင်ဒိုနီးရှားဟာ သတင်းမှား မပျံ့နှံ့စေဖို့Facebook ၊ WhatsApp ၊ Instagram တို့ကို သုံးစွဲမှု ကန့်သတ်ခဲ့ပါတယ်။

    
       

Photo: foreignpolicy

           ၂၀၁၉ ဇွန်လ ၂၀ ရက်နေ့မှာပဲ Facebook ဟာ မြန်မာနဲ့သီရိလင်္ကာတို့မှာ Messenger ကနေ မက်ဆေ့ချ်ပေးပို့မှုကို ကန့်သတ်သွားမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကန့်သတ်ချက်မှာ မက်ဆေ့တစ်စောင်ကို လူ ၅ ဦးဆီပဲ Share ခွင့်ပေးထားပြီး အမုန်းစကား ထိန်းချုပ်ဖို့ဒီနည်းကို ကျင့်သုံးလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။ 


Author


က္က