စက်တင်ဘာလကုန်ပိုင်းမှာ အလုပ်ဖြုတ်သွားမှာပါ
Nyein Min Wai

ပြီးခဲ့တဲ့ ၅ နှစ်က HTC မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းဦးရေဟာ ၁၉၀၀၀ ကျော် ရှိခဲ့ပါတယ်။ စမတ်ဖုန်းဈေးကွက်ဝေစု ကျဆင်းလာခြင်း ၊ ဝင်ငွေထိခိုက်လာခြင်းနဲ့အတူ အခုဆို တစ်ကမ္ဘာလုံးက HTC ရုံးတွေမှာ ဝန်ထမ်း ၅၀၀၀ ထက်ကျန်တော့မှာ မဟုတ်ပါဘူး။

photo: TechCrunch

 

HTC ဟာ ကျဆင်းလာနေတဲ့ စမတ်ဖုန်းရောင်းအားကို ဆွဲတင်ဖို့ဝန်ထမ်းအရင်းအမြစ်တွေကို ပိုပြီး နေသားတကျ စီမံဖို့ပြင်လာပါပြီ။ ဒါကြောင့်ပဲ ကုမ္ပဏီရဲ့ ကမ္ဘာ့ဝန်ထမ်းဦးရေကို လေးပုံတစ်ပုံပဲ ကျန်အောင် ထားရှိသွားတော့မှာပါ။ တစ်ချိန်က ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ထိပ်တန်းကုမ္ပဏီ ၁၀ ခု စာရင်းဝင်ခဲ့တဲ့ HTC  ဟာ အခုခါမှာတော့ ထိုင်ဝမ် စမတ်ဖုန်းထုတ်လုပ်ရေးဌာနက ဝန်ထမ်း ၁၅၀၀ ကို အလုပ်ဖြုတ်သွားမယ်လို့ကြေငြာထားပါတယ်။

"ဒီနေ့မှာတော့ HTC အနေနဲ့ထိုင်ဝမ်မှာ ရှိတဲ့ ထုတ်လုပ်ရေးအဖွဲ့အစည်းတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် အစီအစဉ်ကို ကြေငြာလိုက်ပါတယ်။ ဒီအစီအစဉ်အရ ဒီကရှေ့အရင်းအမြစ်စီမံခန့်ခွဲမှုမှာ ပိုပြီး ထိရောက်လာမှာ ဖြစ်သလို ပြောင်းလွယ်ပြင်လွယ်လည်း ဖြစ်လာဖို့ရှိပါတယ်" လို့ဆိုပါတယ်။

ထိုင်ဝမ်ဝန်ထမ်းထောင်ချီ အလုပ်ဖြုတ်သွားမယ့် ကိစ္စကို စက်တင်ဘာလကုန်ပိုင်းမှာ အပြီးအစီး လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒီအစီအစဉ်ဟာ HTC ရဲ့ စမတ်ဖုန်းနဲ့ VR စီးပွားရေးပိုင်းမှာ ဒေသအလိုက် ဦးစီးခေါင်းဆောင်ဖြစ်စေဖို့အစီအမံရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်နေပါတယ်။ HTC ဟာ Google ဆီကို ကုမ္ပဏီရဲ့ စမတ်ဖုန်းဌာနကို ဒေါ်လာ ၁.၁ ဘီလျံနဲ့ရောင်းချပြီးနောက် စမတ်ဖုန်းပညာရှင်ပေါင်း ၂၀၀၀ ခန့်ဆုံးရှုံးသွားခဲ့ပါတယ်။

photo: Android Authority

 

ကမ္ဘာ့ပထမဆုံး touch နဲ့wireless မိုဘိုင်းလ်ထုတ်ကုန်များကို ဒီဇိုင်းထုတ်ခဲ့တဲ့ HTC ဟာ ဆန်းသစ်တီထွင်မှုတွေနဲ့နာမည်ကြီးခဲ့ပေမယ့် ဒီနေ့မှာတော့ ပြိုင်ဘက် Apple ၊ Samsung နဲ့တရုတ်စမတ်ဖုန်း brands တွေနဲ့ယှဉ်တိုးဖို့ခက်သထက် ခက်လာခဲ့ပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းက US ရဲ့ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်ခဲ့သူ HTC ဟာ ဒီနေ့အချိန်မှာတော့ ဝ.၃%အောက်ပဲ ပိုင်ဆိုင်တော့တယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က