app သီးသန့်ထွက်ထားတာပါ
Nyein Min Wai

အမေရိကန်က Google Pixel ဖုန်းသုံးသူတွေဟာ ယာဉ်တိုက်မှု ဖြစ်တာကို သိပြီး အကူအညီတောင်းခံပေးမယ့် feature သစ် သုံးနိုင်ပြီ ဖြစ်ပါတယ်။


ကုမ္ပဏီဘက်က တရားဝင်ကြေညာချက် ထုတ်ပြန်မထားသေးပေမယ့် Google Play Store မှာတော့ Personal Safety ဆိုတဲ့ နာမည်နဲ့app တစ်ခု ထွက်လာပါတယ်။ XDA-Developers သတင်းမှာ စတင်ဖော်ပြခဲ့တာ ဖြစ်ပြီး Google Play မှာ ဒီ app အကြောင်းပြောရာမှာ အရေးပေါ် အခြေအနေတွေမှာ ကြက်ခြေနီနဲ့အရေးပေါ်ဆက်သွယ်ရန်ဌာနတွေနဲ့ဆက်သွယ်ပေးမယ့် app လို့ဆိုပါတယ်။

Photo: 9to5google

Personal Safety app ဟာ ရုတ်တရပ်ကားရပ်သွားတဲ့ နေရာတွေကို အခြေပြုပြီး ယာဉ်တိုက်မှုမှာ ဒီ app သုံးသူ ရှိမရှိကို ဖော်ထုတ်ပေးနိုင်မယ်လို့လည်း Engadget သတင်းက ဖော်ပြထားပါတယ်။ ဒီလို ဖတ်ရှုဖို့အတွက် ကားရဲ့ လှုပ်ရှားမှု အာရုံခံ motion sensor တွေနဲ့မိုက်ခရိုဖုန်းဆီက အသံတွေကို ဖမ်းယူနေမှာပါ။ တစ်ခုခု သံသယဖြစ်စရာ ပေါ်လာတာနဲ့အမြင့်ဆုံး အသံ volume နဲ့အချက်ပေးသံ မြည်လာမှာပါ။

ပြီးရင်တော့ သုံးစွဲသူကို ဘာအကူအညီပေးရမလဲ မေးပါတယ်။ တကယ်လို့user ဘက်က ဘာမှ မတုန့်ပြန်ဘူးဆိုရင် 911 ကို ဒီဖုန်းရဲ့ တည်နေရာကို ပြောပြီး ဆက်သွယ်သွားမှာပါ။

Photo: xda-developers

သုံးစွဲသူအနေနဲ့စကားပြောစရာမလိုဘဲ သက်ဆိုင်ရာ အရေးပေါ်ဌာနတွေကို ဆက်သွယ်နိုင်မယ့် option တစ်ခုလည်း ဒီ app မှာ ထည့်ထားပါတယ်။ ဒီအတွက် ဆေးရုံ ၊ မီးသတ် နဲ့ရဲစခန်းဆိုပြီး သုံးနေရာကို ထည့်ထားသလို နေရာတစ်ခုခုရွေးမယ်ဆိုရင် tap နှိပ်လိုက်တာနဲ့ဆက်သွယ်ပြီး ဖြစ်မှာပါ။

Google ဟာ Android Q beta ဗားရှင်းမှာပါတဲ့ Emergency Information app နဲ့ချိတ်ဆက်ထားတယ် မထားဘူးဆိုတာ မသိရသေးပါဘူး။ Android Q beta 3 မှာဆိုရင်လည်း Safety Hub app ဆိုပြီး ယာဉ်တိုက်မှုဖြစ်နေချိန်မှာ အလိုအလျောက် အသိပေးအကြောင်းကြားမယ့်စနစ်တစ်ခု ထည့်ပေးထားပါတယ်။


က္က