ပြည်တွင်းမှ နာမည်ကျော် အိုင်တီပညာရှင်များ ဆွေးနွေးသွားမှာပါ
Nyein Min Wai

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ဦးဆောင်ပြီး ပဉ္စမအကြိမ်မြောက် UCSY IT Camp ကို ဇူလိုင် ၂၄ ရက် ဗုဒ္ဓဟူးနေ့မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီအထိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။

Photo: UCSY IT Camp

UCSY IT Camp ကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ၂၀၁၆ မှာတော့ မကျင်းပဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ UCSY IT Camp ဟာ နည်းပညာပိုင်းဆိုင်ရာအကြောင်းအရာများအပြင် ဗဟုသုတရဖွယ်များပါ ဆွေးနွေးဖလှယ်ကြတဲ့ ပွဲဖြစ်ပြီး ပြည်တွင်းအိုင်တီ နည်းပညာနယ်ပယ်မှ နာမည်ကျော် ပညာရှင်များမှ Guest Speakers များအဖြစ် ဦးဆောင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ယခုပွဲမှာ တက်ရောက်ဟောပြောမယ့် Guest Speaker တွေကတော့ ယခုလင့်ခ် ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။'

Photo: UCSY IT Camp

IT Camp တွေဟာ ပြည်တွင်း အိုင်တီပညာရှင်များနဲ့နည်းပညာကျောင်းသားများအကြား အဆက်အသွယ်များ ရှိစေဖို့၊ နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ ဗဟုသုတများနဲ့အသုံးချနည်းများ သိရှိစေဖို့အပြင် နည်းပညာနှင့် ကွန်ပျူတာ ကျောင်းသားများအကြား အချင်းချင်း ပိုမိုရင်းနှီးလာပြီး နည်းပညာသစ်များအကြောင်း နှီးနှောဖလှယ်ဆွေးနွေးစေနိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ကျင်းပကြတာပါ။

ပြီးခဲ့တဲ့နှစ် UCSY IT Camp 2018 မှာတော့ တက်ရောက်သူ ၂၀၀၀ ကျော်နဲ့ဆွေးနွေးဟောပြောသူ Guest Speaker ၄၀ နီးပါး တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။


က္က