heavy ads ကို error page ပြပြီး ပိတ်ထားမှာပါ
Nyein Min Wai

ဩဂုတ်လကုန်ပိုင်းကစပြီး Google ဟာ Chrome ‌ပေါ်က ဘက်ထရီနဲ့ ဒေတာသုံးစွဲမှု များတဲ့ ads တွေ ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

Google ဟာ Chrome browser မှာ ကွန်ရက် bandwidth ၊ CPU processing ပါဝါ စတဲ့ systems resources သုံးစွဲမှု များလွန်းတဲ့ ads တွေကို ဖြုတ်ချသွားမှာ ဖြစ်ပါတယ်။ Chrome 86 မိတ်ဆက်တဲ့ ဩဂုတ်လကုန်ပိုင်းမှာ resource သုံးမှုမြင့်တဲ့ ads တွေ ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ZDNet က ဖော်ပြထားပါတယ်။

Photo: sup.news


"သုံးစွဲသူ မသိဘဲနဲ့ ဘက်ထရီပါဝါ ၊ ကွန်ရက်အချက်အလက် စတဲ့ ထုတ်ကုန်အရင်းအမြစ်တွေကို အချိုးအဆမမျှအောင် သုံးနေတဲ့ ads ရာခိုင်နှုန်းအနည်းငယ် တွေ့ထားပါတယ်။ ဒီ ads တွေ (cryptocurrency ထုတ်တဲ့ ads များ ၊ ပရိုဂရမ်အားနည်းပြီး ကွန်ရက်သုံးစွဲမှု ကောင်းမွန်အောင် လုပ်မထားတဲ့ ads များ) ဟာ ဘက်ထရီသက်တမ်း ထိခိုက်နိုင်သလို ကွန်ရက်လိုင်းဆွဲအားကျစေပြီး ငွေကုန်ကြေးကျ ပိုများစေပါတယ်။" လို့ Chrome team ထုတ်ကုန်မန်နေဂျာ မာရှယ်ဗေးလ်က ဘလော့မှာ ပြောပါတယ်။

ကြော်ငြာ ads တစ်ခုဟာ အရင်းအမြစ်အမြောက်အများ သုံးစွဲနေတယ်ဆိုရင် Chrome မှာ Error page တစ်ခု ဖော်ပြပြီး ဘာကြောင့် ပိတ်ထားသလဲဆိုတာပါ ရှင်းလင်းသွားမှာပါ။ ads တစ်ခုဟာ ကွန်ရက်ဒေတာ 4MB ၊ စက္ကန့် ၃၀ တိုင်းမှာ CPU သုံးစွဲမှု ၁၅ စက္ကန့် ဒါမှမဟုတ် CPU သုံးစွဲမှုစုစုပေါင်းထဲက စက္ကန့် ၆၀ အထိ ရှိနေရင် Chrome က ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


Photo: Google Blog

Resource သုံးစွဲမှုမြင့်လွန်းတဲ့ ads တွေဟာ ကြော်ငြာ ads အားလုံး ၀.၃% ပဲရှိပေမယ့် ဒီads တွေဟာ ကြော်ငြာကနေ သုံးတဲ့ ကွန်ရက်ဒေတာရဲ့ ၂၇% နဲ့ ကြော်ငြာ CPU သုံးစွဲမှုအားလုံးရဲ့ ၂၈% သုံးနေတာ ဖြစ်တယ်လို့ Google က ထုတ်ပြန်ထားပါတယ်။ Chrome browser ဟာ တစ်ခြားကြော်ငြာတွေထက် network bandwidth နဲ့ CPU မှာ ၉၉.၉% ကျော် ပိုသုံးတဲ့ ကြော်ငြာတွေကိုပဲ ပစ်မှတ်ထား ဖြုတ်ချသွားမှာပါ။

Google ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ Chrome 80 ကို ဖြန့်ချိထားပါတယ်။ Chrome 80 မှာ နောက်ကွယ်ကနေ resource သုံးစွဲမှု များတဲ့ ကြော်ငြာတွေကို ကိုယ့်ဘာသာ ပိတ်ပင်နိုင်ဖို့ Heavy Ad Intervention ဆိုတဲ့ toggle တစ်ခု ထည့်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က