Kirin 9000 SoC ဟာ Huawei ရဲ့ နောက်ဆုံး flagship chipset ဖြစ်နိုင်ပါတယ်

အသစ်ထွက်လာမယ့် Huawei Mate 40 စီးရီး အလုံးရေ လျှော့ထုတ်သွားဖို့ ရှိပါတယ်။

Huawei ဟာ မျိုးဆက်သစ် Kirin 9000 chipset သစ်ကို Huawei Mate 40 စီးရီးမှာ သုံးသွားမှာပါ။ 5nm process နည်းပညာနဲ့ ထုတ်ထားတဲ့ ဒီ chipset ဟာ 5G modem built-in ပါတဲ့ ပထမဆုံး ပလက်ဖောင်းဖြစ်မယ်လို့ Huawei က ကြေညာထားပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ Apple ဟာ ပထမဆုံး 5nm chip ဖြစ်တဲ့ A14 Bionic chipset ကို မိတ်ဆက်သွားခဲ့ပေမယ့် external modem ပေါ် မှီခိုတဲ့ ဒီဇိုင်း သုံးထားတာပါ။



Photo: GSMArena


Huawei ဟာ ပရီမီယံ Mate စီးရီးကို မော်ဒယ် ၃ မျိုးနဲ့ မိတ်ဆက်သွားဖို့ ရှိပါတယ်။ Huawei Mate 40 Pro နဲ့ Pro + တို့မှာ Kirin 9000 SoC ကို သုံးသွားဖို့ ရှိပြီး ရိုးရိုး Huawei Mate 40 မှာ Kirin 9000E chipset နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ ဒီ chipset တွေကို ထုတ်လုပ်ဖို့ ထိုင်ဝမ်မှ TSMC ချပ်စ်ကုမ္ပဏီဆီက အော်ဒါမှာထားတာပါ။ 

ကနဦးသတင်းတွေအရ Huawei ဟာ TSMC ထံ chips ပေါင်း ၁၅ သန်း ထုတ်လုပ်ပေးဖို့ အော်ဒါမှာခဲ့တယ်လို့ ဆိုပေမယ့် GSMArena မှာ ဖော်ပြထားတဲ့ နောက်ဆုံးသတင်းအရ chipset အရေအတွက် ၈.၈ သန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ Gizmochina သတင်းမှာတော့ Huawei ဟာ Kirin 9000 SoC အရေအတွက် ၁၀ သန်းခန့်ပဲ စတော့ရှိတယ်လို့ ဖော်ပြထားပါတယ်။

Photo: notebookcheck


လက်ရှိမှာ အမေရိကန်အစိုးရဘက်မှ ပိတ်ဆို့မှုတွေလည်း ရှိနေတာကြောင့် TSMC အနေနဲ့ Huawei အတွက် ဆက်ပြီး Chip အသစ်တွေ ထုတ်ပေးနိုင်ဖို့ မရှိပါဘူး။ Kirin 9000 SoC ဟာ Huawei ရဲ့ နောက်ဆုံး flagship chipset ဖြစ်နိုင်ပါတယ်။ Huawei Mate 40 စီးရီးဟာ Android 10 OS ကို အခြေခံထားတဲ့ EMUI 11 နဲ့ လာဖို့ ရှိပါတယ်။ 

အခုထိတော့ Huawei Mate 40 စီးရိး မိတ်ဆက်မယ့်ရက် မသိရသေးပေမယ့် အောက်တိုဘာလလယ်လောက် အွန်လိုင်းပွဲအနေနဲ့ ကျင်းပသွားမယ်လို့ ခန့်မှန်းရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က