COVID-19 နဲ့ပတ်သက်ပြီး သတင်းတု/မှားနဲ့ ‌‌ကောလာဟလ ဖြန့်သူတွေကို အရေးယူသွားမှာပါ
Nyein Min Wai

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး သတင်းမှား ဖြန့်တဲ့ ပြည်တွင်းဝက်ဘ်ဆိုက်များကို ပိတ်ပင်နေပါတယ်။



ပြီးခဲ့တဲ့ တစ်ပတ်လောက်က စပြီး COVID-19 သတင်းမှားတင်တဲ့ ဝက်ဘ်ဆိုက်များ ပိတ်ပင်ဖို့ ပြည်တွင်းတယ်လီကွန်းအော်ပရေတာများနဲ့ Internet Service Provider (ISP) များအား ညွှန်ကြားထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြော‌ရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေမှ Duwun ကို ပြောပါတယ်။

COVID-19 သတင်းမှားဖြန့်ပြီး ‌ဆေး‌ရောင်း‌နေသည့် ‌page တစ်ခု (Photo: realornotmm)

"အော်ပရေတာတွေနဲ့ ISP တွေကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ ထုတ်ပြန်တဲ့ ဝက်ဘ်ဆိုက်တွေရော Porn Sites တွေရော စိစစ်ပြီး ပိတ်ပင်ပေးဖို့ ထုတ်ပြန်ထားတာ ရှိတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရော တစ်ခြား Fake news တွေပါ စိစစ် ပိတ်ပင်ဖို့ ညွှန်ကြားထားတာပါ" လို့ ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့ စတင်ပြီး သတင်းမှားနဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာ‌တွေကို စိစစ်ပိတ်ပင်လာတာ ဖြစ်ပါတယ်။"ဝက်ဘ်ဆိုက် Lists တွေကတော့ ကျွန်တော်တို့ ပေးတာတွေက ဒီတစ်ခုတည်းတင် မဟုတ်ဘူး။ အများကြီးပဲ။ အမြဲတမ်းလည်း Update လုပ်လုပ်ပေးနေတာ" လို့ ဦးမျိုးဆွေက ပြောပါတယ်။


Photo: Duwun Tech

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားလာပြီး‌နောက် COVID-19 အကြောင်းပြုပြီး မရိုးသားတဲ့ သတင်းအချက်အလက်ဖြန့်ဝေမှုများ ရှိနေပါတယ်။ ဒီလို သတင်းမှား ဖြန့်ဝေတဲ့ ဝက်ဘ်ဆိုက်နဲ့ page ‌တွေဟာ အနုပညာသတင်းများ ၊ ပြည်တွင်းရေးရာများ စသည်ဖြင့် ရပ်တည်နေပြီး သတင်းဖြစ်စဉ်ကို နားလည်မှုလွဲအောင်ရေးသားဖော်ပြနေတာ ‌တွေ့နေရပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှလည်း မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေပေါ် သတင်းတု/သတင်းမှားနဲ့ ကောလာဟလများ ရေးသားဖြန့်ဝေခြင်း မလုပ်ဖို့နဲ့ တွေ့ရှိပါက သတင်းမီဒီယာဥပဒေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က