Facebook ၊ Twitter တို့နဲ့လည်း ပူးပေါင်းထားပါတယ်

ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ COVID-19 ဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းမှားများ တိုက်ဖျက်ဖို့ TikTok အသုံးပြုလာနေပါတယ်။


“ကျွန်တော်တို့ဟာ ယုံကြည် စိတ်ချရပြီး အချိန်နဲ့ တပြေးညီ တင်ဆက်ပေးမယ့် အများပြည်သူ ကျန်းမာရေး အကြံပြုချက်တွေ ပေးဖို့ TikTok နဲ့ ပူးပေါင်းနေပါတယ်” လို့ WHO ရဲ့ ပထမဆုံး တင်ထားတဲ့Tiktok ဗွီဒီယို အညွှန်းမှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က စပြီး TikTok ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက်မှားတွေ ပြန့်နှံ့နေတာပါ။





WHO ရဲ့ TikTok ပေါ်မှာ အကောင့် ဖွင့်လှစ်လိုက်တာဟာ အွန်လိုင်းပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူထုအကြား တိကျမှန်ကန်တဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။ WHO နဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာတွေဟာ Facebook ၊ Twitter ၊ Tencent နဲ့ TikTok တို့လို လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်မှာ ဗိုင်းရပ်စ်အကြောင်း သတင်းမှားတွေ ချေဖျက်ဖို့ ကြိုးပမ်းလာနေပါတယ်။


“ကိုယ်ကိုယ်တိုင်နဲ့ တစ်ခြားသူတွေ ကိုရိုနာဗိုင်းရပ်စ်သစ် မကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်”လို့ WHO ရဲ့ ပထမဆုံး ဗွီဒီယိုမှာ ကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆိုင်ရာ နည်းပညာအကြီးအကဲ ဘန်နီဒက်တာ အယ်လီဂရန်ဇီက ပြောထားပါတယ်။ ဒီဗွီဒီယိုထဲမှာပဲ မကြာခဏ လက်ကို ဆေးကြောပေးခြင်း ၊ ချောင်းဆိုး/နှာချေချိန်မှာ တံတောင် (သို့မဟုတ်) တစ်သျှူးအုပ်ပြီး ချေခြင်းနဲ့ ဖျားနာ ချောင်းဆိုးနေသူနဲ့ အနီးကပ် ထိတွေ့မှုမှ ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

Google မှာလည်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း Queries ရှာဖွေမှုတွေ လုပ်ရာမှာ WHO ဆီက သတင်းအချက်အလက်တွေ အရင်ဆုံး တက်လာနေပါတယ်။ Facebook ကလည်း လူမှုကွန်ရက် သုံးစွဲသူတွေ ဗိုင်းရပ်စ်အကြောင်း အချက်အလက်အမှန်သိရဖို့ အစိုးရဝက်ဘ်ဆိုက်တွေဆီ သွားမေးနိုင်မယ့် News Feeds ပုံစံ လုပ်ပေးထားပါတယ်။

Photo: Medical News Today


Twitter သုံးစွဲသူတွေဟာ Know The Facts ဆိုတဲ့ မက်ဆေ့ကို တွေ့ရမှာ ဖြစ်ပြီး CDC (ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာ) ရဲ့ ဝက်ဘ်ဆိုက်မှာ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စအကြောင်း အချက်အလက်တွေ သွားကြည့်နိုင်မှာပါ။ TikTok မှာတော့ ဗိုင်းရပ်စ်နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ရှာဖွေသူတွေကို WHO ဝက်ဘ်ဆိုက်ပေါ် ပြန်ညွှန်းပေးနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေထဲမှာ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း ၊ အသက်ရှုမဝခြင်းနဲ့ အသက်ရှုရ ခက်ခြင်းများ ပါဝင်ပြီး လက်ရှိမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူ ၂၉၃၃ ယောက် ရှိလာပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က