WHO ကတော့ UV အန္တရာယ် သတိပေးထားပါတယ်

တရုတ်နိုင်ငံသား ဗိသုကာဒီဇိုင်းပညာရှင်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်မယ့် ဝတ်စုံဆန်းတစ်မျိုးကို ဒီဇိုင်းထုတ်ထားပါတယ်။

ဒေရောင်ဆန်းဆိုသူဟာ ကိုရိုနာဗိုင်းရပ်စ်ကနေ ကာကွယ်နိုင်ပြီး ရောဂါပိုးကိုပါ သတ်နိုင်မယ့် Be a Bat man ဆိုတဲ့ ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ The Sun သတင်းမှာ ဖော်ပြချက်အရ ဒီဝတ်စုံဟာ အလိုအလျောက် အပူတင်ပေးနိုင်တဲ့ လင်းနို့တောင်ပံ ပုံဒီဇိုင်းနဲ့ လာပြီး အပူခံပလတ်စတစ်ပြားနဲ့ ထုတ်ထားတယ်လို့ ဆိုပါတယ်။



Photo: dezeen


ကျောပိုးအိတ်တစ်လုံးလို ဝတ်ဆင်နိုင်ပြီး လေထုထဲက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို သတ်နိုင်အောင် မြင့်မားတဲ့ အပူထုတ်ပေးမယ့် UV အလင်းတွေ တပ်ဆင်ထားတယ်လို့ ပါရှိပါတယ်။ အပူခံပလတ်စတစ်ပြားဟာ လူကို ပူပေါင်းတစ်လုံးလို အုပ်ထားမှာ ဖြစ်ပြီး မှန်ချပ်တွေအကြားမှာ heater wire ပါမယ်လို့ ဆိုပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်က အပူချိန် ၅၆ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၃၃ ဒီဂရီ ဖာရင်ဟိုက်) မှာ သေပါတယ်" လို့ ဒေရောင်းက Dezeen သတင်းဌာနကို ပြောပါတယ်။ PCV ပြားတွေထဲ မြှပ်ထားတဲ့ ဝိုင်ယာကြိုးတွေဟာ ဗိုင်းရပ်စ်ပိုးကို သတ်ဖို့ လုံလောက်တဲ့ အပူချိန် ထုတ်သွားမှာပါ။ "PVC ဖလင်ပြားတွေက ကား လေကာမှန်တွေလိုပဲ" လို့ သူကဆိုပါတယ်။

Photo: The Sun

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကတော့ UV မီးတွေဟာ လူအရေပြားပေါ်မှာ သုံးမယ်ဆိုရင် အရေပြားယောင်ယမ်းနာကျင်စေနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီဝတ်စုံကို ဒီဇိုင်းထုတ်ထားတဲ့ ဒေရောင်းကတော့ Be a Bat Man ဝတ်စုံကို တကယ်ထုတ်လုပ်မှု လုပ်ဖို့အတွက် အင်ဂျင်နီယာတွေနဲ့ ဆက်လုပ်စရာတွေ ရှိသေးတယ်လို့ ဝန်ခံထားပါတယ်။

COVID-19 လို့ခေါ်နေတဲ့ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ဒေသပေါင်း ၇၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး ကမ္ဘာအဝှမ်းမှာ ကူးစက်ခံရသူ ၉၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၁၀၀ ကျော် ရှိလာနေပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က