အိမ်မှာ‌နေပြီး COVID-19 ကူးစက်မှု ‌လျော့‌ေစေဖို့ပါ

ဧပြီ ၁၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံသားတွေကို တစ်လ ဒေတာ 10GB ပေးသွားမယ်လို့ နိုင်ငံတော် ရုပ်သံနဲ့ တယ်လီကွန်းဆက်သွယ်ရေး ကော်မရှင် အထွေထွေအတွင်းရေးမှူး တာ့ကွန်းတာနာဆစ်ဒ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ထိုင်းနိုင်ငံမှာ ကုမ္ပဏီများဟာ အိမ်မှအလုပ်လုပ်တဲ့ Work-From-Home မူဝါဒကျင့်သုံးလာနေသလို ကျောင်းများလည်း အိမ်ကနေ လေ့လာမှု လုပ်နေချိန်မှာ အများပြည်သူအတွက် အခမဲ့ မိုဘိုင်းဒေတာပေးဖို့ အစီအစဉ် စတင်လိုက်တာ ဖြစ်တယ်လို့ Channel News Asia သတင်းမှာ ဖော်ပြထားပါတယ်။



Photo: Bdnews24


" တစ်ယောက်ချင်းစီဟာ ဧပြီ ၁၀ ရက်နေ့က စပြီး တစ်လကို ဒေတာ 10GB ရယူဖို့ မှတ်ပုံတင်နိုင်မှာပါ။" လို့ တာ့ကွန်း တာနာဆစ်ဒ်က ပြောပါတယ်။ "အစိုးရအနေနဲ့ အခုလို အခမဲ့ဒေတာတွေ ပေးနေတာဟာ လူထုကို အိမ်မှာတင် နေစေပြီး COVID-19 ပြန့်နှံ့မှုကို ကန့်သတ်ဖို့ပါ။"

နိုင်ငံတော် ရုပ်သံလိုင်းနဲ့ တယ်လီကွန်းဆက်သွယ်ရေး ကော်မရှင်ဟာ တယ်လီကွန်းအော်ပရေတာတွေကိုလည်း ဖြေလျှော့ပေးသွားဖို့ ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သီးခြား ပြောထားပါတယ်။ ဒီအတွက် အသေးစိတ် အချက်အလက်ကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။

ထိုင်းနိုင်ငံရဲ့ အဓိက မိုဘိုင်းအော်ပရေတာကြီး ၃ ခုကလည်း လက်တလော မှတ်ချက်ပေးထားခြင်း မရှိသေးပါဘူး။ မလေးရှားနိုင်ငံမှာတော့ အော်ပရေတာ ၄ ခုစလုံးဟာ ဧပြီ ၁ ရက်နေ့က စပြီး နေ့စဉ် အခမဲ့‌ဒေတာ 1GB စီ ပေးသွားမယ်လို့ ကြေညာထားပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ကလည်း အများပြည်သူများအား သတ်မှတ်ကာလတစ်ခုအတွင်း မိုဘိုင်းဒေတာအခမဲ့ (သို့) သက်သာတဲ့နှုန်းထားနဲ့ အသုံးပြုခွင့်ပေးဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေတယ်လို့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၃၁ ရက် အင်္ဂါနေ့မှာ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာအသစ် ၁၂၇ ဦး ရှိလာပါတယ်။ ဇန်နဝါရလကနေ မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၆၅၁ ဦးနဲ့ သေဆုံးသူ ၁၀ ဦး ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က