5G iPhone ‌တွေ ဒီနှစ်ထဲ မြင်ရပါ့မလား

COVID-19 ကပ်ရောဂါဘေးဟာ Apple ရဲ့ iPhone သစ် မိတ်ဆက်မှုကိုပါ ထိခိုက်လာဖို့ ရှိပါတယ်။

ပုံမှန်အားဖြင့် နှစ်စဉ် စက်တင်ဘာလထဲမှာ ကျင်းပနေကျဖြစ်တဲ့ iPhone သစ်မိတ်ဆက်ပွဲဟာ ဒီနှစ်မှာ လအတန်ကြာ ကြန့်ကြာနှောင့်နှေးဖို့ ရှိတယ်လို့ Nikkei Asian Review သတင်းက ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ တရုတ်နိုင်ငံမှာ စမတ်ဖုန်းစက်ရုံများ ပိတ်ခဲ့ရခြင်းကြော Apple ဟာ Supply Chain အခက်အခဲတွေနဲ့လည်း ကြုံနေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။



Photo: Nikkei Asian Review


" ပစ္စည်းအဝင်အကန့်အသတ်ရှိတဲ့အပြင် ကပ်ဘေးကာလ လက်ရှိအခြေအနေအရ ဖောက်သည်တွေဟာ သူတို့ဖုန်းတွေကို အဆင့်မြှင့်ချင်စိတ် သိသိသာသာနည်းနေတာကို Apple က စိတ်ပူနေပါတယ်။ပထမဆုံးထွက်လာမယ့် 5G iPhone ကျမှ ဝယ်လိုအားမြင့်လာဖို့ ရှိပါတယ်။" လို့ Apple အတွင်းရေးတွေအကြောင်း ကြားထားတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Nikkei Asian Review သတင်းအရ 5G iPhone မိတ်ဆက်မှုဟာ လပေါင်းများစွာ ကြန့်ကြာနှောင့်နှေးနိုင်ပြီး ၂၀၂၁ ခုနှစ်မှ မိတ်ဆက်ဖို့လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Apple ရဲ့ ပြိုင်ဘက် အန်းဒရိုက်ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung နဲ့ Huawei တို့ဟာ အရင်နှစ်ကတည်းက 5G စမတ်ဖုန်းတွေ မိတ်ဆက်ထားပါတယ်။

Photo: Bloomberg


Apple ဟာ iPhone ရောင်းအားတက်စေဖို့ ဒီနှစ်ထဲမှာ 5G iPhone မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ Nikkei သတင်းက ဖော်ပြထားပါတယ်။ 5G iPhone အလုံးရေ သန်း ၁၀၀ အထိ ထုတ်ဖို့လည်း Apple ဟာ supplier တွေကို ညွှန်ကြားတယ်လို့ ဆိုပါတယ်။

Apple ဟာ iPhone 12 စီးရီးသစ် မိတ်ဆက်မယ့်အချိန် ရွှေ့သင့် မသင့်အတွက် အမေရိက နဲ့ ဥရောပနိုင်ငံတွေက COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေကို စောင့်ကြည့်နေပြီး မေလထဲမှာ ဆုံးဖြတ်ချက်ချသွားဖို့ ရှိပါတယ်။ သတင်းတွေမှာတော့ Apple ဟာ ဒီနှစ်ထဲမှာ iPhone မော်ဒယ်သစ် ၄ မျိုး ထုတ်လုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က