ပစ္စည်းပို့ဆောင်မှုကို ပုံမှန်ဖြစ်စေဖို့ အချိန်နဲ့ အမျှ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်ပြန့်နှံမှုအတွင်း အွန်လိုင်းဈေးဝယ်မှု ထိုးတက်လာပြီးနောက် Amazon ရဲ့ တစ်ချို့အိမ်သုံးပစ္စည်းများ ရောင်းအားပြတ်လပ်ပြီး ပစ္စည်းပို့ဆောင်ရေးလည်း ကြန့်ကြာနှောင့်နှေးမှုနဲ့ ကြုံနေတယ်လို့ ဆိုပါတယ်။

Amazon Prime ပစ္စည်းပို့ဆောင်ရေးဟာ ပုံမှန်ထက် ကြန့်ကြာမှာ ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းတွေအားလုံး ဝယ်ယူနိုင်စေဖို့ မိတ်ဘက်အရောင်းပါတနာတွေနဲ့ အချိန်ပြည့် လက်တွဲအလုပ်လုပ်နေတယ်လို့ ကုမ္ပဏီရဲ့ ဘလော့ဂ်မှာ တင်ပါတယ်။ အခုလို ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက လူတွေရဲ့ အွန်လိုင်းဈေးဝယ်မှု ရုတ်ချည်းထိုးတက်သွားတာကြောင့်လို့ ဆိုပါတယ်။



Photo: CNBC


" အထူးသဖြင့် အိမ်သုံးပစ္စည်းတန်းက အဝယ်လိုက်တဲ့ လူသုံးကုန်အမှတ်တံဆိပ်နဲ့ ပစ္စည်းတွေ လောလောဆယ် ပစ္စည်းအဝင်ပြတ်သွားပါတယ်။" လို့ Amazon က ထုတ်ပြန်ပါတယ်။ Amazon ဝက်ဘ်ဆိုက်ရဲ့ အပေါ်ဘက်မှာလည်း ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ပစ္စည်းအဝင်နဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှု ယာယီ သုံးနိုင်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ရောင်းအားပြတ်သွားတဲ့ အိမ်သုံးပစ္စည်းတွေထဲမှာ အိမ်သာသုံး ပစ္စည်း ၊ လက်ဆေးရည်နဲ့ လက်ဆေးဆပ်ပြာတို့လည်း ပါဝင်နေပါတယ်။ အခုလို ပစ္စည်းပြတ်ပြီး ပို့ဆောင်ရေးတွေ ကြန့်ကြာရခြင်းဟာ မတ်လကုန်အထိ ဝန်ထမ်းတွေကို အလုပ်မဆင်းဘဲ နေနိုင်အောင် ခွင့်ပေးတာကြောင့် ဟုတ်မဟုတ်ဆိုတာ မသိသေးဘူးလို့ CNBC သတင်းက ကောက်ချက်ချထားပါတယ်။

Amazon ဟာ အချိန်ပိုင်း ဂိုထောင်အလုပ်သမားများ အပါအဝင် ကမ္ဘာအရပ်ရပ်က ကုမ္ပဏီဝန်ထမ်းတွေအားလုံးကို တတ်နိုင်သမျှ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ပြောကြားထားပါတယ်။ အစောပိုင်းကလည်း ကုမ္ပဏီဟာ ဆီယက်တဲလ် ၊ နယူးယော့ခ် ၊ နယူးဂျာစီနဲ့ Bay Area ရုံးတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။

Photo: dailymail


ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်း လူသုံးများတဲ့ ပါးစပ်နှာခေါင်းစည်းနဲ့ လက်ဆေးရည်တွေကို ဈေးတင်ရောင်းချသူတွေကို Amazon ပလက်ဖောင်းမှာ ပိတ်ပင်ခဲ့သလို ဈေးတင်ရောင်းချတဲ့ သိန်းနဲ့ချီတဲ့ ကုန်ပစ္စည်းစာရင်းတွေကိုလည်း ပလက်ဖောင်းကနေ ဖယ်ရှားခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ Amazon ဝန်ထမ်းတွေနဲ့ မိတ်ဘက်ပါတနာကုမ္ပဏီဝန်ထမ်းများအတွက် Amazon Relief Fund နာမည်နဲ့ ဒေါ်လာ ၂၅ သန်း ရန်ပုံငွေတစ်ရပ် ကြေညာထားပြီး တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၄၀၀ ကနေ ၅၀၀၀ အထိ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က