ပင်မစီးပွား‌ရေးတွေကို အာရုံပိုစိုက်လာမှာပါ

အရှေ့တောင်အာရှရဲ့ တန်ဖိုးအကြီးဆုံး startup လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Grab ဟာ ဝန်ထမ်းအင်အား ၅% ခန့် လျှော့ချသွားမယ်လို့ ဆိုပါတယ်။


Grab ရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် အန်တိုနီတန်ရဲ့ ဝန်ထမ်းတွေဆီ ပေးတဲ့ စာမှာ Grab ဟာ ဝန်ထမ်းဦးရေ ၃၆၀ ခန့် လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ Grab ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ကုမ္ပဏီအနေနဲ့ ရုံးတွေ ပိတ််သွားမှာ မဟုတ်သလို ဒါဟာ ဒီနှစ်အတွင်း ကုမ္ပဏီရဲ့ အဖွဲ့အစည်းအတိုင်းအတာနဲ့ နောက်ဆုံး လူလျှော့မှု ဖြစ်တယ်လို့ Tech Crunch ကို ပြောပါတယ်။




Photo: Tech Crunch

"ကျွန်တော်တို့ ငွေကြေးအရင်းအနှီး ပြဿနာ မရှိပါဘူး။ ပိုပြီး ထိရောက်အားကောင်းလာဖို့ လူလျှော့တာပါ။ ပင်မ လုပ်ငန်းမဟုတ်တဲ့ ပရောဂျက်တွေ ရပ်ဆိုင်းတာ ၊ အဖွဲ့တွေ ပိုအားကောင်းဖို့ နဲ့ ပစ္စည်းပို့ဖို့ ဦးစားပေးပြီး ခုလို လုပ်တာ ဖြစ်ပါတယ်။" လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Grab အနေနဲ့ ပုံမှန်ပြန်ဖြစ်လာမယ့် အခြေအနေသစ်မှာ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကို ဖြေရှင်းဖို့အတွက် ပင်မစီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ သယ်ယူပို့ဆောင်မှုလုပ်ငန်း ၊ ပစ္စည်းပို့ဆောင်ရေး ၊ ငွေပေးချေမှုလုပ်ငန်းတွေကို ဦးစားပေး အာရုံစိုက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ အလုပ်က ရပ်ဆိုင်းခံရတဲ့ ဝန်ထမ်းတွေနဲ့လည်း လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကုမ္ပဏီနဲ့ စကားပြောသွားမယ်လို့ ဆိုပါတယ်။

Grab ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး Ride-Hailing ပလက်ဖောင်းတစ်ခု ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ Uber ၊ Lyft ၊ Oyo နဲ့ Airbnb တို့လို ကုမ္ပဏီများနည်းတူ ဈေးကွက်ထိခိုက်မှု ရှိလာပါတယ်။ Grab ကတော့ ကားအငှားဝန်ဆောင်မှုအပြင် အစားအသောက်ပို့ဆောင်ရေးနဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က