နောက်ထပ် အသိပေးမှု မလုပ်မချင်း ပိတ်ထားရမှာပါ

Microsoft ဟာ နောက်ထပ်အကြောင်းကြားမှု မလုပ်မချင်း ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ကုမ္ပဏီရဲ့ လက်လီစတိုးဆိုင်တွေ အားလုံးကို ပိတ်သွားတော့မှာပါ။

ဒီတစ်ပတ်ထဲမှာပဲ Apple ဟာ Greater China လို့ခေါ်တဲ့ တရုတ် ၊ ဟောင်ကောင် ၊ ထိုင်ဝမ် ၊ မကာအို စတဲ့ နိုင်ငံများကလွဲပြီး နိုင်ငံတကာမှာ ရှိတဲ့ လက်လီအရောင်းStores တွေကို မတ်လ ၂၇ ရက်နေ့အထိ ပိတ်ပင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့ Microsoft ဟာ ကမ္ဘာအရပ်ရပ်က Microsoft Stores ဆိုင်အားလုံးတွေ ပိတ်ပင်သွားမယ်လို့ ကြေညာလိုက်တာပါ။



Photo: geekwire


" COVID-19 ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ် အသိပေးမှု မလုပ်မချင်း Microsoft Store ဆိုင်နေရာ အားလုံး ပိတ်ထားပါတယ်။ ဒီအချိန်မှာ မိသားစုဝင်တွေ ၊ အဝေးမှာ အလုပ်လုပ်နေကြသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဖိအားတစ်ခုတည်းအောက်မှာ ရောက်နေတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ရဲ့ Microsoft.com မှာတော့ အွန်လိုင်းဝန်ဆောင်မှုတွေ ပေးနေပါတယ်။" လို့ Microsoft ရဲ့ Twitter မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ လူ ၁၀ ဦးအထက် ပိုပြီး စုဝေးခြင်း မပြုဖို့ အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းအကြံပြုခဲ့ပြီးနောက် အခုလို အရောင်းဆိုင်တွေ ပိတ်ပင်လာခဲ့တာပါ။ Microsoft ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ကမ္ဘာအရပ်ရပ်မှာ Microsoft စတိုးပေါင်း ၈၃ ဆိုင် ရှိပြီး ဒီထဲက ၇၃ ဆိုင်ဟာ အမေရိကန်မှာ ရှိတာ ဖြစ်ပါတယ်။

Photo: geekwire


Microsoft ဟာ COVID-19 ကြောင့် ဝန်ထမ်းများ အိမ်ကနေ အလုပ်လုပ်ဖို့ တိုက်တွန်းတဲ့ ပထမဆုံးနည်းပညာကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။ Store တွေ ပိတ်လိုက်ရပေမယ့် Microsoft ရဲ့ အဓိကစီးပွားရေးလုပ်ငန်း ၃ ခု ဖြစ်တဲ့ Azure Cloud ၊ Skype for Business နဲ့ Microsoft Teams တွေကြောင့် COVID-19 ကြောင့် ဈေးကွက်အထိနာမှုကို ရှောင်လွှဲနိုင်ဖို့ ရှိပါတယ်။

မတ်လ ၁၈ ရက်နေ့အထိ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေတွေနဲ့ ပတ်သက်ပြီး worldometers.info ရဲ့ အချက်အလက်တွေမှာတော့ ကူးစက်သူ ၁၉၈၇၇၂ ဦး ၊ သေဆုံးသူ ၇၉၉၀ ဦး ရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က