WWDC ပွဲအစီအစဉ်လည်း အပြောင်းအလဲ ရှိနိုင်ပါတယ်
Nyein Min Wai

iPhone SE 2 အပါအဝင် ထုတ်ကုန်သစ်တစ်ချို့ မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေတဲ့ မတ်လ ၃၁ ရက်နေ့ပွဲကို Apple ဟာ ဖျက်သွားဖို့ ရှိပါတယ်။

COVID-19 ဗိုင်းရပ်စ်ကြောင့် ဆန်တာကလဲရာကောင်တီ ပြည်သူ့ကျန်းမာရေးဌာနဟာ နယ်မြေအတွင်း လူ ၁၀၀၀ နဲ့အထက် စုဝေးမှုအားလုံးကို တားမြစ်တဲ့ အမိန့်တစ်ရပ်ကို မတ်လ ၉ ရက်နေ့က ကြေညာထားပါတယ်။ မတ်လ ၁၁ ရက်နေ့က စပြီး အသက်ဝင်မယ့် ဒီအမိန့်ဟာ ဧပြီ ၁ ရက်နေ့အထိ သုံးပတ်ကြာမြင့်မယ်လို့ Apple Insider သတင်းက ဖော်ပြထားပါတယ်။



Photo: Forbes


Apple ဟာ လာမယ့် မတ်လ ၃၁ ရက်နေ Apple Park အတွင်းက Steve Jobs Theater ထဲမှာ ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခု လုပ်ဖို့ စီစဉ်ထားတာ ဖြစ်လို့ အခုတိုင်းဆို ပွဲကျင်းပဖြစ်ဖို့ မသေချာတော့ပါဘူး။ Front Page Tech မှ ဂျွန်ပရော့ဆာကလည်း ကုမ္ပဏီအတွင်းလူတွေဆီက သတင်းအရ Apple ဟာ မတ်လထုတ်ကုန်မိတ်ဆက်ပွဲကို ပယ်ဖျက်ထားတယ်လို့ Twitter မှာ ရေးသားထားပါတယ်။

Apple ကတော့ မတ်လ ၃၁ ရက်နေ့ပွဲ ဖျက်သိမ်းကြောင်း မကြေညာသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာပြီး စမတ်ဖုန်းဝယ်လိုအားနည်းနေတာကြောင့် iPhone SE 2 (သို့မဟုတ်) iPhonee 9 ဟာ ၆ လလောက် ဈေးကွက်ထဲ ဝင်ဖို့ နောက်ကျသွားနိုင်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက iPhone ရောင်းအားဟာ ၆၀% ကျဆင်းခဲ့ပါတယ်။

Photo: iphoneincanada


လာမယ့် ဇွန်လထဲမှာ Apple ဟာ World Wide Developer Conference (WWDC) ပွဲ ကျင်းပသွားဖို့ စီစဉ်ထားပြီး ဧည့်သည်နဲ့ developer ၅၀၀၀ ခန့် တက်ရောက်လေ့ရှိတဲ့ ဒီပွဲလည်း ထပ်ပျက်သွားနိုင်ပါတယ်။ iPhone သစ်အတွက် ရှေ့ပြေးနမူနာပုံစံ ထုတ်ဖို့ Apple ဝန်ထမ်းတွေကို တရုတ်မလွှတ်ဖြစ်တာကြောင့် iPhone 12 သစ် မိတ်ဆက်မှုဟာ အောက်တိုဘာ/နိုဝင်ဘာလထဲ ရောက်သွားဖို့ ရှိပါတယ်။

မတ်လ ၁၀ ရက်နေ့အထိ ဆန်တာကလဲရာ ကောင်တီမှာ COVID-19 ကူးစက်ခံရသူ ၄၃ ဦး ရှိထားပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ CNN သတင်းအရ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၅၈၀၀ ဦး ရှိထားပြီး အမေရိကန်မှာ အနည်းဆုံး လူ၁၀၀၀ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က