R&D ပိုင်းအတွက်ပါ ကူညီသွားမယ်လို့ ဆိုပါတယ်။

COVID-19 ကာလ စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွင်း နည်းပညာအခြေပြု Startups လုပ်ငန်းတွေကို ထိုင်ဝမ်အစိုးရမှ ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ဒေသအလိုက် အဝင်အထွက်ပိတ်ဆို့မှုများ ၊ ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာခြင်းများနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ရင်းနှီးမြှပ်နှံသူတွေရဲ့ စိုးရိမ်မှုများကြောင့် ထိုင်ဝမ်မှ နည်းပညာလုပ်ငန်းငယ်တစ်ချို့ဟာ စီးပွားရေးထိခိုက်လာနေပါတယ်။ ဧပြီလ ၆ ရက်နေ့မှာတော့ အမျိုးသား ဖွံ့ဖြိုးရေးကောင်စီ COVID-19 ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်သွားတဲ့ ထိုင်ဝမ် startups လုပ်ငန်းတွေကို အထူးရင်းနှီးမြှပ်နှံမှုတစ်ရပ် လုပ်ဆောင်ဖို့ လျှောက်လွှာများ လက်ခံနေတယ်လို့ ZDNet သတင်းက ဆိုပါတယ်။



Photo: Data Economy


"ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိခိုက်နစ်နာခဲ့တဲ့ လုပ်ငန်းသစ်များ လည်ပတ်နိုင်ရေးမှာ လိုအပ်တဲ့ ရံပုံငွေ ထောက်ပံ့‌ရေးအတွက် အမျိုးသား ဖွံ့ဖြိုးရေးရံပုံငွေ အမှုဆောင် ယွမ်မှ လုပ်ငန်းသစ်များမှာ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုလိုက်ပါတယ်" လို့ NDC ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ရင်းနှီးမြှပ်နှံမယ့်အစီအစဉ်သစ်အရ NDC ဟာ startup များ ၆ လမှ ၁၂ လကြာ လုပ်ငန်းလည်ပတ်နိုင်အောင် ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် စတော့ခ်ရှယ်ယာတစ်ချို့ကို NDC က ရရှိမှာပါ။

ဒီအစီအစဉ်မှာ လျှောက်ထားသူတွေဟာ Startup တစ်ခုအဖြစ် အရည်အချင်းပြည့်မှီကြောင်း ၊ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဘယ်လောက် ထိခိုက်မှု ရှိခဲ့တယ်ဆိုတဲ့ အချက်နဲ့ တကယ်လို့ ရံပုံငွေ ရခဲ့ရင် ဘယ်လိုအသုံးပြုသွားမယ်ဆိုပြီး ပြောပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စတော့အာမခံအခြေအနေများ ၊ ဈေးနှုန်း နဲ့ အမှန်တကယ်သုံးစွဲသူပမာဏတွေပါ ဖော်ပြရမှာပါ။

လျှောက်လွှာဖြည့်သွင်းဖို့အတွက် အချိန် ၆ လ ပေးထားတယ်လို့လည်း ဆိုပါတယ်။ NDC ရဲ့ ရံပုံငွေအစီအစဉ်မှာ ခရီးသွားလာရေး ၊ သယ်ယူပို့ဆောင်‌ရေး ၊ ထုတ်လုပ်မှု ၊ ဝန်ဆောင်မှုကဏ္ဍမှ startup များ အကျုံးဝင်မယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အစိုးရဟာ စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက်လည်း ထောက်ပံ့ရေးအစီအစဉ်များ လုပ်ဆောင်ထားပါတယ်။

Photo: lowyinstitute


ထိုင်ဝမ်အစိုးရ ထောက်ပံ့ခံ စက်မှုနည်းပညာသုတေသနအင်စတီကျူ့ဒ်လုပ်ငန်း ၊ သိပ္ပံနှင့် နည်းပညာနိုင်ငံတကာမဟာဗျူဟာစင်တာရဲ့ မန်နေဂျာ ချွန်ဟောင်းယဲ့ကတော့ အထောက်အပံ့အစီအစဉ်အမျိုးမျိုးဟာ လူတစ်ဦးချင်း မိသားများ နဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ အခက်အခဲများကို အတူတကွကျော်ဖြတ်ရာမှာ အကူအညီဖြစ်စေမယ်လို့ ပြောပါတယ်။

လက်ရှိမှာ သက်သာတဲ့ အတိုးနှုန်းနဲ့ အကူအညီများ ပေးနေတဲ့အပြင် ငွေချေးအာမခံပုံစံ တိုးမြှင့်ပေးခြင်း ၊ ချေးငွေအဟောင်းများ သက်တမ်းတိုးပေးခြင်း ၊ လျှပ်စစ်နှင့် ရေမီတာ ဝန်ထုတ်ဝန်ပိုး ဖြေလျှော့ပေးခြင်းများ လုပ်ဆောင်ပေးထားသလို ကာလလတ် ၊ ကာလရှည် စက်မှုပုံစံပြောင်းလဲရာမှာ ကူညီပေးခြင်းနှင့် သုတေသနဲ့ ဖွံ့ဖြိုးရေးပိုင်းလိုမျိုး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပိုင်းများမှာပါ ကူညီပေးထားတယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က