Facebook နဲ့ LG တို့လည်း ဝန်ထမ်းတွေကို တရုတ်မသွားဖို့ တားမြစ်ထားပါတယ်

လက်ရှိမှာ လူပေါင်း ၁၃၂ ဦးအထိ သေဆုံးမှု ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်းက Apple Store တစ်ခု ပိတ်ထားရသလို Apple ဝန်ထမ်းတွေကိုလည်း တရုတ်နိုင်ငံဆီ သွားရောက်ခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မကြီးမှာ ရှိတဲ့ Apple Store တစ်ခု ပိတ်ထားရတဲ့ အပြင် တစ်ခြား လက်လီစတိုးဆိုင်တွေမှာလည်း လုပ်ငန်းချိန် လျှော့ချထားတယ်လို့ Apple CEO တင်မ်ကွတ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှု မြင့်တက်နေချိန် တရုတ်နိုင်ငံကို ဝန်ထမ်းများ ခရီးသွားခြင်းကိုလည်း ကန့်သတ်ထားတယ်လို့ Apple ရဲ့ CEO က ဆိုပါတယ်။



Photo: The Verge

" ကျွန်တော်တို့ လက်လီစတိုးဆိုင်တွေထဲက တစ်ဆိုင် ပိတ်ထားပါတယ်။ အရောင်းမိတ်ဘက်တွေလည်း သူတို့ရဲ့ ဆိုင်တွေ ပိတ်ထားကြပါတယ်" လို့ သုံးလပတ်ဝင်ငွေရှင်းတမ်း ထုတ်ပြီး ရင်းနှီးမြှပ်နှံသူတွေနဲ့ တွေ့ဆုံချိန်မှာ တင်မ်ကွတ်က ပြောခဲ့ပါတယ်။ Apple ဟာ ဝူဟန်ဒေသမှာ ရှိတဲ့ ဝန်ထမ်းတွေအတွက် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ထားပြီး တုပ်ကွေးနဲ့ အဖျားလက္ခဏာတွေ စစ်ဆေးဖို့ ဝန်ထမ်းတွေကို ပုံမှန် ကိုယ်အပူချိန် တိုင်းတာမှု လုပ်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ်အစိုးရဟာ လူတွေ အိမ်မှာ ပိုနေဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကနေ ရှောင်ရှားနိုင်စေဖို့ နှစ်သစ်ကူးအားလပ်ရက် တိုးပေးထားပါတယ်။ အားလပ်ရက်တိုးမှုကြောင့် တရုတ်မှာ ရှိတဲ့ Apple ရဲ့ ထုတ်လုပ်မှု လုပ်ငန်းခွင် ပြန်ဖွင့်ဖို့လည်း ကြန့်ကြာဖို့ ရှိပါတယ်။ ဒါဟာ လာမယ့် သုံးလပတ်ဝင်ငွေပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ တင်မ်ကွတ်က ခန့်မှန်းထားပါတယ်။

Apple ဟာ ဝူဟန်ဒေသမှာ suppliers တစ်ချို့ ရှိထားသလို iPhone အများစုကိုလည်း တရုတ်မှာပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရောင်းအားနဲ့ ထုတ်လုပ်လည်ပတ်မှုတွေပါ နှေးကွေးစေပါတယ်။


ဒီတစ်ပတ်ထဲမှာပဲ Facebook နဲ့ LG အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေဟာ အရေးတကြီး အလုပ်ကိစ္စကလွဲပြီး တရုတ်ကို ခရီးမသွားဖို့ ဝန်ထမ်းများကို တားမြစ်ထားပါတယ်။

Share

Loading Next Article...
က္က