ဒုတိယအသုတ် လူလျှော့ခဲ့တာပါ

ထောင်နဲ့ချီတဲ့ ဝန်ထမ်းလျှော့ချမှုလုပ်ပြီး ၂ ပတ်ခန့်အတွင်းမှာ Uber ဟာ နောက်ထပ် ဝန်ထမ်း ၃၀၀၀ ထပ်လျှော့ပြီး ကမ္ဘာအရပ်ရပ်က ရုံးပေါင်း ၄၅ ခု လည်း ပိတ်နေရတယ်လို့ ဆိုပါတယ်။

မေလပထမအပတ်ထဲမှာ Uber ဟာ ပထမအသုတ် လူလျှော့မှုအနေနဲ့ ဝန်ထမ်း ၃၇၀၀ ကို အလုပ်မှ ရပ်နားခဲ့ပါတယ်။ COVID-19 ကပ်ဘေးအတွင်း စီးပွားရေး စိန်ခေါ်မှုတွေနဲ့ မသေချာမှုတွေကြောင့် ဒီနှစ်ထဲ ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလျံအထိ ကာမိဖို့ အခုလို ဝန်ထမ်အင်အား လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပထမအသုတ် လူလျှော့မှုဟာ ကုမ္ပဏီဝန်ထမ်းအင်အား စုစုပေါင်းရဲ့ ၁၄% ဖြစ်ပါတယ်။



Photo: Engadget


ဒီတစ်ပတ် တနင်္လာနေ့မှာတော့ ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုကို ရှောင်လွှဲဖို့ ဒုတိယအသုတ် လူလျှော့မှုအဖြစ် ဝန်ထမ်း ၃၀၀၀ ကို အလုပ်မှ ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ NPR သတင်းက ဆိုပါတယ်။ Uber ကားအငှားကုမ္ပဏီဟာ လက်ရှိအချိန်အထိ ဝန်ထမ်းအင်အားရဲ့ ၂၅% အထိ လျှော့ချမှု လုပ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဖြစ်ချိန်က စပြီး လူလျှော့ချမှု အများဆုံးလုပ်ခဲ့တဲ့ ဆီလီကွန်ဗယ်လီမှ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှု နှေးကွေးစေဖို့ သန်းပေါင်းများစွာသော လူတွေဟာ ကိုယ့်အိမ်ထဲမှာပဲ နေထိုင်လာကြခြင်းဟာ ကုမ္ပဏီရဲ့ ကားအငှားဝန်ဆောင်မှု ထိခိုက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ Uber ကို ငှားရမ်းစီးနင်းလိုက်ပါမှုဟာ ၈၀% ကျဆင်းသွားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ပြိုင်ဘက် Lyft ကုမ္ပဏီလည်း ကားအငှားစီးပွားရေး ကျဆင်းသွားတာကြောင့် ဝန်ထမ်းအင်အား လျှော့ချမှု လုပ်ခဲ့ရပါတယ်။


Photo: techspot


" COVID-19 ထိုးနှက်ချက်ကနေ ကမ္ဘာကြီးရဲ့ ရှေ့ရေးမခန့်မှန်းနိုင်မှုအကြောင်း သိခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သင်ခန်းစာအရ ကျွန်တော်တို့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဘယ်လိုအကြွင်းမဲ့သေချာမှုမျိုးမှ ပြောကြားမှာ မဟုတ်ပါဘူး" လို့ Uber ရဲ့ အမှုဆောင်အရာရှိချုပ် ခေါ့စ်ရော့ရှဟီက အီးမေးမှာ ပြောပါတယ်။ "ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ တကယ့်တကယ်ကို ခက်ခဲလှတဲ့ ရွေးချယ်မှုတွေ အခု လုပ်နေရတယ်လို့ ပြောချင်ပါတယ်။"

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ စီးပွားရေးနယ်ပယ်တစ်ခုလုံးကို လှုပ်ခါစေခဲ့ပြီး ကုမ္ပဏီအများစု စီးပွားရေး ထိခိုက်ကုန်တာ တွေ့ရပါတယ်။ အထူးသဖြင့် ခရီးသွားလာရေးနဲ့ ဧည့်ဝန်ဆောင်မှုပိုင်းဟာ မကြုံစဖူး အဆိုးဝါးဆုံး ရိုက်ခတ်ခံခဲ့ရပါတယ်။ Uber လိုပဲ Lyft ဟာ ပြီးခဲ့တဲ့ လထဲမှာ ဝန်ထမ်းအင်အား ၁၇% လျှော့ချခဲ့သလို Airbnb အိမ်ခန်းငှား ဝန်ဆောင်မှုလည်း မေလထဲမှာ ဝန်ထမ်းအင်အားရဲ့ ၂၅% လျှော့ချခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က