ပြီးခဲ့တဲ့လကလည်း ပလိပ်‌ရောဂါဂိမ်း ပိတ်ခဲ့ပါတယ်

ဗိုင်းရပ်စ်သယ်ဆောင်လာတဲ့ ဇွန်ဘီးတွေကို ပစ်သတ်ရတဲ့ Coronavirus Attack ဂိမ်းဟာ တရုတ်မှာ ပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။ 

Coronavirus Attack ဂိမ်းဟာ ဧပြီ ၂၃ ရက်နေ့က Steam ဗွီဒီယိုဂိမ်း ဖြန့်ချိရေးကနေ ဖြန့်ချိလိုက်တဲ့ ဂိမ်းပါ။ ဂိမ်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့ ဗိုင်းရပ်စ်သယ်ဆောင်လာသူတွေကို ဖျက်ဆီးရတာ ဖြစ်ပါတယ်။ Coronavirus Attack ဂိမ်း နိုင်ဖို့အတွက် players တွေဟာ ဗိုင်းရပ်စ်ပိုးကူးစက်ထားတဲ့ ဇွန်ဘီးတွေကို သတ်ရတာ ဖြစ်ပါတယ်။




Photo: IBTimes

"ဗိုင်းရပ်စ်ပိုးဟာ လူတွေကို အတ္တကြီးတဲ့ ဇွန်ဘီးအဖြစ် ပြောင်းလဲပစ်ပြီး တစ်နိုင်ငံလုံး ပျံ့နှံ့လာပါတယ်။ သင့်ရဲ့ ရည်ရွယ်ချက်က တစ်ခြားသူတွေ ကူးစက်မခံရဖို့ ၊ ဇွန်ဘီးဗိုင်းရပ်စ်သယ်ဆောင်လာသူတွေကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။" လို့ ဂိမ်းရဲ့အညွှန်းမှာ ဖော်ပြထားပါတယ်။

Coronavirus Attack ဂိမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လျှို့ဝှက်ဓါတ်ခွဲခန်းတစ်ခုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဝူဟန်သုတေသနဓါတ်ခွဲခန်းကနေ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်ဟာ အများပြည်သူအကြား ပြန့်နှံ့သွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ယူဆချက်တွေကို ပြန်အသက်သွင်းထားတာပါ။

ဂိမ်းထဲမှာ တရုတ်အစိုးရကို အကြီးအကျယ် ဝေဖန်ထားပုံရတဲ့ ကိုးကားမှုအများအပြား ပါရှိပါတယ်။ ဒီဂိမ်းဟာ တရုတ်အလံနဲ့ ပုံစံတူ အနီ‌ရောင် ကာလာနောက်ခံမှာ အဝါရောင်ကိုရိုနာဗိုင်းရပ်စ်ပိုးကြီးကို ကိုရိုနာဗိုင်းရပ်စ်ငယ် ၄ ခုက ဝန်းရံထားတဲ့ ဒီဇိုင်း သုံးထားပါတယ်။ ဂိမ်းထဲမှာ "ဟောင်ကောင် လွတ်မြောက်ပါစေ" ၊ "ရှင်းယန် လွတ်ပါစေ " ၊ "တိဘက် လွတ်လပ်ပေး" နဲ့ "ထိုင်ဝမ်ဟာ တရုတ်မဟုတ်" ဆိုပြီး Achievement ဆုတွေ ပေးထားပါတယ်။

ပိတ်ခံရတဲ့ ပလိပ်ဂိမ်း (Photo: observer)

Coronavirus Attack ဂိမ်းဟာ တစ်ခြားနိုင်ငံတစ်ချို့မှာ ကစားလို့ ရနိုင်ပြီး ပလက်ဖောင်းပေါ်ကနေ ဖြုတ်ချဖို့ပါ Steam သုံးစွဲသူတစ်ချို့က တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း Plague Inc ဆိုတဲ့ ပလိပ်ရောဂါကူးစက်မှုကို ကျောရိုးပြုထားတဲ့ ဂိမ်းဟာ တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က