ဆေးဝါးအကူပစ္စည်းတွေလည်း လှူဒါန်းထားပါတယ်

ဝူဟန်မြို့က အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် တရုတ်နည်းပညာကုမ္ပဏီတွေဟာ ပရဟိတအလုပ်ကို တစ်တပ်တစ်အား လှူဒါန်းပါဝင်နေပါတယ်။

တရုတ်ဖုန်းကုမ္ပဏီတွေဟာ ယွမ်သန်း ၃၀ အထိ လှူဒါန်းခဲ့တာ ဖြစ်ပြီး ဒီပရဟိတဒါနထဲမှာ Huawei ၊ OPPO ၊ Vivo ၊ Nubia ၊ Realme ၊ TCL နဲ့ Meizu တို့ ပါဝင်ခဲ့ပါတယ်။ Huawei ကတော့ ဝူဟန်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဖက်ဒရေးရှင်းကို ယွမ် သန်း ၃၀ လှူဒါန်းတဲ့အပြင် Wuhan Vulcan Mountain ဆေးရုံအတွက် 5G base stations တွေပါ တည်ဆောက်ပေးခဲ့တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။

Photo: SCMP


TCL ကုမ္ပဏီဟာ ယွမ်သန်း ၃၀ လှူဒါန်းခဲ့ပြီး တစ်ခြား စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ OPPO နဲ့ Vivo တို့က ယွမ် သန်း ၃၀ လှူဒါန်းခဲ့ပါတယ်။ TCL အနေနဲ့ Raytheon ဆေးရုံမှာ လိုအပ်တဲ့ LCD panels များ ၊ အဲကွန်းပစ္စည်းများ ၊ ရေခဲသေတ္တာများ နဲ့ အဝတ်လျှော်စက်များပါ လှူဒါန်းခဲ့တာပါ။ ZTE ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Nubia ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ယွမ် ၆ သိန်း ၊ Realme က ယွမ် ၅ သိန်းနဲ့ Meizu က ယွမ် ၃ သိန်း လှူဒါန်းခဲ့ပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Xiaomi ဟာ ယွမ် ၃ သိန်းဝန်းကျင်တန် ဆေးဝါးအကူပစ္စည်းတွေကို ပထမအသုတ် ထောက်ပံ့ထားပြီး Lenovo ဟာ ဝူဟန်အရေးပေါ်ဆေးအင်ဂျင်နီယာဌာနအတွက် အထောက်အကူပြု IT ပစ္စည်းများ လှူဒါန်းခဲ့တာပါ။ Amazfit စမတ်နာရီတွေ ထုတ်လုပ်နေတဲ့ Huami Technology မှလည်း ဆေးဝါးပစ္စည်းတွေ ဝယ်ဖို့ ယွမ် ၁၀ သန်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေအပြင် တရုတ်နည်းပညာကုမ္ပဏီတွေ ဖြစ်တဲ့ Alibaba ၊ Tencent ၊ JD.com ၊ Kuaishou ၊ Douyu ၊ Midea ၊ SF ၊ Suning ၊ Cainiao ၊ Taobao နဲ့ တစ်ခြား ကုမ္ပဏီတွေကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ဂိမ်းနဲ့ နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Tencent ကလည်း ဇန်နဝါရီ ၂၄ ရက်နေ့က ကုမ္ပဏီရဲ့ ပရဟိတဖောင်ဒေးရှင်းကနေ ပထမအသုတ်အနေနဲ့ ယွမ် သန်း ၃၀၀ လှူဒါန်းကြောင်း ကြေညာခဲ့ပါတယ်။


Photo: Gizchina

ဇန်နဝါရီ ၂၃ ရက်နေ့မှာ short video app တစ်ခု ဖြစ်တဲ့ Kuaishou ဟာ ဝူဟန်ပရဟိတဖက်ဒရေးရှင်းကို ယွမ် သန်း ၁၀၀ နဲ့ mask ပေါင်း ၅ သောင်း လှူခဲ့သလို တရုတ်အွန်လိုင်းစတိုးတစ်ခု ဖြစ်တဲ့ JD.com ကလည်း ပါးစပ်နှာခေါင်းစည်း ၁ သန်းနဲ့ ဆေးဝါးပစ္စည်းပေါင်း ၆ သောင်း လှူဒါန်းခဲ့ပါတယ်။ အွန်လိုင်းစတိုးတွေမှာလည်း ဗိုင်းရပ်စ်ကြောင့် အဝယ်လိုက်နေတဲ့ face mask နဲ့ တစ်ခြား လိုအပ်တဲ့ ဆေးဝါးပစ္စည်းများ ဈေးတင်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် ဟောင်ကောင် ၊ မကာအို ၊ အမေရိကန် ၊ ထိုင်း ၊ ဩစတြေးလျ ၊ တောင်ကိုရီးယား ၊ ဂျပန် ၊ စင်္ကာပူ ၊ မလေးရှား ၊ ပြင်သစ် ၊ ထိုင်ဝမ် ၊ ဗီယက်နမ် ၊ ကနေဒါ နဲ့ နီပေါတို့မှာလည်း ကူးစက်ပြန့်ပွားနေပြီး သေဆုံးသူအရေအတွက် ၈၀ အထိ ရှိလာပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က