in-house ထုတ်ကုန်‌‌တွေလာတော့မယ်
Nyein Min Wai

စမတ်ဖုန်းတွေအတွက် mobile chipset ထုတ်လုပ်မှုကို Qualcomm နဲ့ MediaTek တို့ပဲ ကြီးစိုးထားပေမယ့် တစ်ချို့စမတ်ဖုန်း Maker တွေကတော့ ကိုယ်ပိုင် in-house chipset တွေ ထုတ်ဖို့ လုပ်နေကြပါတယ်။

Apple ဆိုရင် ကုမ္ပဏီထုတ် iPhone တွေမှာ ကိုယ်ပိုင် A series chipset တွေပဲ သုံးပါတယ်။ Samsung နဲ့ Huawei တို့ဆိုရင်လည်း Exynos Chipset နဲ့ Kirin processor တွေ ထုတ်ပြီး စမတ်ဖုန်းတွေမှာ သုံးလာကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်က တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ကုမ္ပဏီရဲ့ ပထမဆုံး in-house processor ဖြ်စတဲ့ Surge S1 SoC ကို ကြေညာခဲ့ပါတယ်။ အခုတော့ OPPO ကုမ္ပဏီလည်း ကိုယ်ပိုင် chipset ထုတ်ဖို့ ခြေလှမ်းပြင်လာပါပြီ။

Photo: True Tech


LetsGoDigital သတင်းအရ OPPO Mobile ဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ဥရောပသမဂ္ဂဉာဏမူပိုင်ခွင့်ရုံး EUIPO မှာ မိုဘိုင်း processor နဲ့ ဆက်စပ်ပြီး မူပိုင်ခွင့်တစ်ခု တင်ထားတယ်လို့ ဆိုပါတယ်။ EUIPO မှာ တင်ထားတဲ့ မူပိုင်ခွင့်အရ OPPO ရဲ့ ကိုယ်ပိုင် chipset ကို OPPO M1 လို့ နာမည်ပေးသွားဖို့ ရှိပါတယ်။ ဆက်စပ်သတင်းတွေအရ OPPO ဟာ chipmaker တစ်ခုဖြစ်တဲ့ Speadtrum နဲ့ MediaTek တို့ဆီက အင်ဂျင်နီယာတွေ ငှားပြီး ကိုယ်ပိုင် chipset တည်ဆောက်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

OPPO M1 မူပိုင်ခွင့်မှာ Chips [integrated circuits]; Semiconductor chips; Computer chips; Multiprocessor chips; Electronic chips for the manufacture of integrated circuits; Biochips; Smartphones; Cell phones; Screens လို့ ပေးထားပါတယ်။ ကုမ္ပဏီဘက်ကတော့ OPPO M1 ထုတ်လုပ်မှုအကြောင်းနဲ့ သူ့မှာပါတဲ့ features တွေအကြောင်း ပြောကြားခြင်း မရှိသေးပါဘူး။

mobile chipset ဈေးကွက်မှာ Qualcomm ၊ MediaTek ၊ Huawei နဲ့ Samsung တို့က ပင်မထုတ်လုပ်သူတွေဖြစ်ပြီး Samsung ဆိုရင် မကြာသေးခင်ကပဲ Exynos chipset တွေကို တစ်ခြား ဖုန်း brand တွေဆီ ရောင်းချမှု လုပ်လာပါတယ်။ OPPO ရဲ့ in-house processor ကိုတော့ လာမယ့် ၂၀၂၀ MWC ပွဲမှာ ကြေညာသွားဖို့ရှိပါတယ်။


Author


က္က