Plan B အဖြစ် လုပ်ထားတာပါ

     အမေရိကန်ရဲ့ ပိတ်ပင်မှုတွေနဲ့ကြုံနေရတဲ့ Huawei ဟာ Google ရဲ့ Android စနစ်ကို အားမကိုးရအောင် ကိုယ်ပိုင် OS စနစ်တစ်ခု ထုတ်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။



Photo: CNBC

         ဂျာမန်မီဒီယာတစ်ခုဖြစ်တဲ့ Die Welt နဲ့တွေ့ဆုံခန်းတစ်ခုမှာ Huawei ရဲ့ CEO ရစ်ချတ်ယုမှ ကုမ္ပဏီအနေနဲ့အကြောင်းတစ်ခုခုကြောင့် အမေရိကန်ထုတ် ဆော့ဖ်ဝဲလ်တွေ သုံးခွင့် ပိတ်ပင်ခံခဲ့ရမယ်ဆိုရင် ထုတ်သုံးဖို့အရန် OS (Operating System) စနစ် တစ်ခု ရှိတယ်လို့အတည်ပြုပြောကြားခဲ့တာပါ။ Huawei အနေနဲ့အမေရိကန်အစိုးရနဲ့ဆက်ဆံရေးတင်းမာနေစဉ်မှာ ကိုယ်ပိုင် OS တစ်ခုကို ဖန်တီးနေခဲ့တာလည်း ဖြစ်ပါတယ်။

         ၂၀၁၈ ဧပြီလတုန်းက South China Morning Post ကနေ ဖော်ပြခဲ့တဲ့ သတင်းတစ်ခုမှာလည်း Huawei ဟာ Google ရဲ့ Android OS လိုမျိုး ကိုယ်ပိုင် OS တစ်ခုကို တည်ဆောက်ဖို့တစ်နှစ်ကြာ ပရောဂျက်တစ်ခု လုပ်ဆောင်ထားတယ်လို့ဖော်ပြခဲ့ပြီး ရစ်ချတ်ယုကလည်း ဒီအချက်ကို အတည်ပြုခဲ့ပါတယ်။ ဒီ OS ဟာ ဖုန်းနဲ့ကွန်ပျူတာ နှစ်မျိုးစလုံးမှာ သုံးမယ့် OS စနစ်လည်း ဖြစ်တယ်လို့ဆိုပါတယ်။

         "ကျွန်တော်တို့ကိုယ်ပိုင် OS တစ်ခု ပြင်ဆင်ထားပါတယ်။ တကယ်လို့ဒီစနစ် (အန်းဒရိုက်) ကို ကျွန်တော်တို့သုံးမရဘူးဆိုရင် Plan B တစ်ခု ရှိထားလို့အဆင်သင့်ဖြစ်အောင်လို့ပါ" လို့အင်တာဗျူးမှာ ပြောပါတယ်။

Photo: SCMP

         Plan B ထားပေမယ့် Huawei ဟာ Google နဲ့Microsoft တို့နဲ့လက်တွဲသွားဖို့ပိုပြီး ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။ ဒီ OS ကိုလည်း မဖြစ်မနေ အခြေအနေရောက်မှ သုံးဖို့လည်း ရည်ရွယ်ထားပြီး မိတ်ဘက်ကုမ္ပဏီတွေရဲ့ OS စနစ်တွေကို အပြည့်အဝ ပံ့ပိုးပေးမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်မှ တစ်ဆင့် CNBC ကို အတည်ပြုခဲ့ပါတယ်။

         အမေရိကန်ကွန်ဂရက်ကနေ ထုတ်ထားတဲ့ NDAA ပုဒ်မ ၈၈၉ အရ Huawei ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အမေရိကန်အစိုးရ အေဂျင်စီတွေမှာ ဝယ်ယူသုံးစွဲခြင်း အပြင် ဒီထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို သုံးနေတဲ့ အဖွဲ့အစည်းများနဲ့စာချုပ်ချုပ်ခြင်း ၊ ချေးငွေပေးခြင်းများပါ တားမြစ်ထားတာပါ။ Huawei ကလည်း မတ်လ ၇ ရက်နေ့မှာ ဒီဥပဒေကို တရားရေးအရ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က