၂၀၁၈ အတွင်း ၉၇ ခု တိုးလာတာပါ

၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ unicorns လို့ခေါ်တဲ့ အနည်းဆုံး ဒေါ်လာ ၁ ဘီလျံနဲ့အထက် တန်ကြေးရှိတဲ့ startup ပေါင်း ၉၇ ခု ပေါ်ထွက်လာခဲ့ပါတယ်။ သချာၤဂဏန်းအရဆိုရင် ၃.၈ ရက်တိုင်းမှာ unicorn တစ်ခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Photo: ochimusyadrive



         အမေရိကန်နဲ့ကုန်သွယ်စစ်ဖြစ်ပွားမှုကနေ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးခဲ့တဲ့ တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ထဲမှာ စုစုပေါင်း ဒေါ်လာ ၁ ဘီလျံနဲ့အထက် တန်ကြေးရှိတဲ့ startup ပေါင်း ၁၈၆ ခုရှိနေပြီလို့ရှန်ဟိုင်းအခြေစိုက် Hurun Report ကနေ ဖော်ပြထားပါတယ်။

         Alipay ငွေချေစနစ်အတွက် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်နေတဲ့ Ant Financial Services ဟာ တရုတ် unicorn တွေထဲမှာ ယွမ် ၁ ထရီလီယံကျော် တန်ဖိုးရှိတဲ့ startup တစ်ခုအဖြစ် ထိပ်ဆုံးက ရပ်တည်နေပြီး သူ့နောက်မှာ TikTok အပါအဝင် သတင်းနဲ့ဖျော်ဖြေရေးလုပ်ငန်းစု ByteDance က ယွမ် ဘီလျံ ၅၀၀ တန် လုပ်ငန်းအဖြစ် ရှိနေပါတယ်။

         တရုတ်နိုင်ငံရဲ့ အကြီးဆုံး ride-sharing လုပ်ငန်းစုဖြစ်တဲ့ Didi Chuxing ဟာ ယွမ် ဘီလျံ ၃၀၀ တန် unicorn အဖြစ် တတိယအကြီးဆုံးနေရာမှာ ရှိပြီး ယခုနှစ် ဒေါ်လာ ၁ ဘီလျံကျော်တန် startup တွေထဲက ၁၈ ခုရဲ့ တန်ဖိုးဟာ အရင်နှစ်ကထက် ၂ ဆကျော် ရှိလာခဲ့တယ်လို့Hurun Index က ဆိုပါတယ်။

Photo: SCMP

         တရုတ် unicorn တွေထဲမှာ အွန်လိုင်း ဝန်ဆောင်မှုကနေ ကြီးထွားလာတဲ့ လုပ်ငန်းအရေအတွက်က အများဆုံး ဖြစ်ပြီး လုပ်ငန်းဖွံ့ဖြိုးမှု အမြန်ဆုံးကတော့ TikTok ဝန်ဆောင်မှုပေးတဲ့ Jinri Toutiao နဲ့အွန်လိုင်းပေါ်ကနေ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ရောင်းချတဲ့ Meicai တို့က တစ်ခြား unicorn တွေထက် ၄ ဆခန့်ပိုပြီး တိုးတက်မှု မြန်ဆန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် တရုတ် startup ၁၈၆ ခုရဲ့ တန်ဖိုးစုစုပေါင်းကတော့ ယွမ် ၅ ထရီလီယံ (ဒေါ်လာ ၇၃၆ ဘီလျံ) ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က