အဆင့်မြင့် တည်နေရာပြစနစ် ပါရှိပါတယ်

Xiaomi ဟာ ကလေးငယ်တွေအတွက် အထူးထုတ်ထားတဲ့ Mitu Children Learning Watch Pro စမတ်နာရီသစ်ကို ကြေညာလိုက်ပါတယ်။

Mitu Children Learning Watch Pro ဟာ ၁.၇၈ လက်မ display နဲ့လာပြီး pixel density အနေနဲ့ 326ppi ပါရှိပါတယ်။ ဒီနာရီရဲ့ မျက်နှာပြင်ကိုတော့ 2.5D curved Gorilla Glass 3 အလွှာအုပ်ထားပါတယ်။ အကြမ်းခံမှုမှာ 9H hardness ရှိပြီး အစင်းခြစ်ဒဏ်နဲ့ လွတ်ကျမှုကို ခံနိုင်ရည်ရှိဖို့ diamond coating နဲ့ ထုတ်ထားတာပါ။



Photo: xiaomiadictos


920mAh ဘက်ထရီပါရှိပြီး တည်နေရာပြမှု အလွန်မြင့်မားတဲ့ dual-frequency GPS တည်နေရာပြစနစ် သုံးထားပါတယ်။ GPS ဟာ ၂၄ နာရီ ခြေရာခံမှု လုပ်ဆောင်နိုင်ပြီး နာရီပိုင်ရှင်ရဲ့ တည်နေရာကို ပိုမိုတိကျစွာ သိရှိနိုင်ဖို့ 4G LTE နဲ့ အလုပ်လုပ်နိုင်တာပါ။ ဒီထက်ပိုပြီး ကလေးတွေ ရောက်နေတဲ့ နေရာကို တိတိကျကျ သိနိုင်စေဖို့ AI တည်နေရာပြစနစ်ပါ ထည့်ထားလို့ မိဘတွေအနေနဲ့ ပိုပြီး စိတ်ချရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် Mitu Children Learning Watch 4 Pro ဟာ ရှော့ပင်းမောလ် ၊ မြန်နှုန်းမြင့် ရထားဘူတာရုံတွေနဲ့ လေဆိပ်ပေါင်း ၄၀၀ ကျော်ရဲ့ အတွင်းပိုင်း တည်နေရာစနစ်ပါ ပံ့ပိုးပေးထားပါတယ်။ RAM 1GB/internal storage 8GB ပါရှိပြီး Qualcomm Snapdragon Wear 2500 SoC စနစ်သုံးထားပါတယ်။

Photo: xiaomiadictos


ဒီနာရီမှာ HD ကင်မရာ နှစ်လုံးပါရှိပါတယ်။ 5MP ကင်မရာဟာ ရှေ့ဘက်မှာ ရှိပြီး နာရီဘေးဘောင်မှာ 8MP ကင်မရာ ပါရှိပါတယ်။ ဘေးကင်မရာကနေ မိဘတွေဟာ သူတို့ကလေးတွေ ရောက်နေတဲ့ ဘေးပတ်ဝန်းကျင်ကို သိနိုင်မှာ ဖြစ်ပြီး အပေါ်ကင်မရာကနေ video call ပါ ခေါ်နိုင်မှာပါ။ Meitu Children Learning Watch 4 Pro ဟာ Xiaomi Voice Assistant နဲ့ AI machine learning စနစ်တွေ ပံ့ပိုးပေးထားပြီး ကလေးတွေအတွက် ဉာဏ်ရွှင်စေမယ့် ပျော်စရာတွေနဲ့ သင်္ချာ apps တွေ ထည့်ပေးထားပါတယ်။

ဒီနာရီဟာ အပြာနဲ့ ပန်းရောင် ကာလာ ၂ မျိုးနဲ့ လာပါတယ်။ တရုတ်ဈေးကွက်မှာ Meitu Children Learning Watch 4 Pro ကို ၁၂၉၉ ယွမ် ( မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က