ဒေါ်လာ ၁.၂ သန်း ကျော် ပေးနေကြပါပြီ

malware ၆ မျိုးနဲ့ပြည့်နေတဲ့ လက်ပ်တော့တစ်လုံးကို ဒေါ်လာ ၁ သန်း ပေးဝယ်တယ်ဆိုတာ အတော်လေး ရူးသွပ်တဲ့ စိတ်ကူးလို့ဆိုနိုင်ပါတယ်။

         သက်တမ်း ၁၁ နှစ်ရှိပြီဖြစ်တဲ့ Samsung Notebook တစ်လုံးကို ခေတ်ပြိုင် အင်တာနက်အနုပညာရှင်တစ်ဦး ဖြစ်တဲ့ Guo O Dong နဲ့နယူးယော့ခ် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Deep Instinct တို့မှ လေလံတင်ခဲ့တာပါ။ ဗလုံးဗထွေးဖြစ်မှုကို ကြံ့ကြံ့ခံခြင်းလို့နာမည်ပေးထားတဲ့ ဒီပရောဂျက်ဟာ သမိုင်းဝင် ခြိမ်းခြောက်မှုအကြောင်း မှတ်တမ်းပြကွက်တစ်ခုအနေနဲ့လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။



Photo: IT Chronicles

         မျက်နှာပြင်အရွယ်အစား ၁၀.၂ လက်မရှိတဲ့ အပြာရောင် Samsung NC10-14GB Netbook ဟာ ၂၀၀၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ လက်ပ်တော့တစ်လုံးဖြစ်ပြီး Windows XP SP3 တင်ထားပါတယ်။ ဒီလက်ပ်တော့ဟာ နာမည်ကျော် malware ၆ မျိုး ကူးစက်ထားခံရတဲ့ လက်ပ်တော့ ဖြစ်ပါတယ်။ ဒီ malware ၆ မျိုးထဲမှာ ၂၀၁၇ ခုနှစ်က ယူကေအမျိုးသား ကျန်းမာရေးဝန်ဆောင်လုပ်ငန်း NHS အပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ရှိတဲ့ ကွန်ပျူတာစနစ်ပေါင်း ၃ သိန်းကျော်ကို ကူးစက်သွားခဲ့တဲ့ WannaCry ransomware လည်း ပါဝင်ခဲ့ပါတယ်။

         WannaCry ကြောင့် တောင်ကိုရီးယားမှ web hosting တွေ ရောင်းတဲ့ Nayana ကုမ္ပဏီ စီးပွားပျက်သွားသလို အမေရိကန်အခြေစိုက် နိုင်ငံစုံသယ်ယူပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်တဲ့ FedEx ဆိုရင်လည်း ဒေါ်လာ သန်း ၃၀၀ ခန့်ထိခိုက်နစ်နာသွားခဲ့တယ်လို့ဆိုပါတယ်။ WannaCry ransomware ကို အသက် ၂၃ နှစ်အရွယ် မားကပ်စ် ဟတ်ချင်ဆိုတဲ့ ဗြိတိန်ဟက်ကာတစ်ဦးမှ ဟန့်တားနိုင်ခဲ့ပါတယ်။

         ဒီလက်ပ်တော့မှာ WannaCry malware အပြင် ၂၀၀၉ ခုနှစ်က CIA နဲ့ပင်တဂွန်အပါအဝင် နှစ်ပတ်အတွင်း ကွန်ပျူတာပေါင်း သန်း ၅၀ ကို ကူးစက်ခဲ့တဲ့ ILoveYou ဗိုင်းရပ်စ် ၊၂၀၀၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အီးမေလ်းတုပို့ပေးတဲ့ MyDoom ၊ ၂၀၀၃ မှာ စတင်တွေ့ရှိခဲ့ပြီး မေးလ် ၁၇ ခုမှာ တစ်ခုနှုန်း ကူးစက်သွားခဲ့တဲ့ SoBig ၊ ငွေကြေးနဲ့login data တွေ ခိုးဖို့ထုတ်ထားတဲ့ keylogger ဗိုင်းရပ်စ် DarkTequila နဲ့၂၀၁၆ ခုနှစ်က ယူကရိန်း လျှပ်စစ်စွမ်းအင် အခြေခံအဆောက်အဦများကို တိုက်ခိုက်ဖို့သုံးခဲ့တဲ့ BlackEnergy malware များလည်း ကူးစက်ခံထားရပါတယ်။

Photo: androidpit

         မျက်မှောက်ခေတ်သမိုင်းမှာ ဒီဗိုင်းရပ်စ်တွေဟာ အဖျက်အမှောက်အများဆုံး ဗိုင်းရပ်စ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ Samsung ထုတ် ယခုလက်ပ်တော့မှာ ကူးစက်ခံထားရတဲ့ malware ၆ မျိုးကြောင့် ဒေါ်လာ ၉၅ ဘီလျံဖိုး ဆုံးရှုံးနစ်နာမှုတွေ ကြုံခဲ့တာပါ။ ဒါကြောင့်ပဲ သမိုင်းဝင် ခြိမ်းခြောက်မှုများအကြောင်း ကတ်တလောက်တစ်ခုလို ပြသဖို့အတွက် လေလံတင်ခဲ့တာလို့Gjuo O Dang က ဆိုပါတယ်။

         ကမ္ဘာ့အန္တရာယ်အကြီးဆုံး လက်ပ်တော့တစ်ခု ဖြစ်တဲ့ ဒီ Notebook ကို လေလံတင်ချိန်မှာ လက်ရှိအချိန်အထိ အမြင့်ဆုံး ဒေါ်လာ ၁.၂ သန်းကျော် ပေးနေကြပါတယ်။ လက်ပ်တော့ကို လေလံဆွဲသူတွေဟာ ပညာရေးဆိုင်ရာ အကြောင်းပြချက် (သို့မဟုတ်) အနုပညာအစိတ်အပိုင်းတစ်ခုအဖြစ် ဝယ်ယူဖို့သတ်မှတ်ထားပါတယ်။

လေလံပွဲအတွင်းမှာ ဒီကွန်ပျူတာကို ဗိုင်းရပ်စ်မကူးစေဖို့သီးသန့်ထားရှိထားပြီး ပိုင်ရှင်သစ်နာမည် ကြေညာပြီးတာနဲ့ကွန်ရက်ချိတ်ဆက်တဲ့အပိုင်း ဖြုတ်ထားပြီး ports တွေအားလုံးကိုလည်း ပိတ်ပေးသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က