ထိုင်ဝမ် chip အင်ဂျင်နီယာ ၃၀၀၀ ကျော်် တရုတ်ရောက်နေပါတယ်

တရုတ်အစိုးရကျောထောက်နောက်ခံ ရထားတဲ့ chips projects နှစ်ခုဟာ ကမ္ဘာကျော် chipmaker ကြီး ဖြစ်တဲ့ TSMC မှ အင်ဂျင်နီယာနဲ့ မန်နေဂျာဟောင်း ၁၀၀ ကျော် အလုပ်ခန့်ထားတယ်လို့ ဆိုပါတယ်။

Nikkei Asia Review သတင်းမှာ ဖော်ပြထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စလို့ Taiwan Semiconductor Manufacturing Co (TSMC) ကနေ ပညာရှင်တွေကို ငှားရမ်းလာခဲ့တာလို့ ဆိုပါတယ်။ chip ထုတ်လုပ်ရေးအတွက် ပြည်ပ supplier တွေပေါ် မှီခိုနေရမှုကို လျှော့ချပြီး ပြည်တွင်းချပ်စ်ထုတ်လုပ်ရေးဘက်ကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ငှားရမ်းလိုက်တာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောထားပါတယ်။



Photo: Nikkei Asia Review


TSMC အင်ဂျင်နီယာဟောင်းတွေကို ငှားရမ်းခဲ့တဲ့ ကုမ္ပဏီနှစ်ခုဟာ Quanxin Integrated Circuit Manufacturing (QXIC) ကုမ္ပဏီနဲ့ Wuhan Hongxin Semiconductor Manufacturing Co (HSMC) တို့ ဖြစ်ပြီး ဒီလုပ်ငန်းတွေကို တရုတ် အစိုးရကနေ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းတစ်ခုချင်းစီမှာ TSMC ဝန်ထမ်းဟောင်း ၅၀ ကျော်စီ အလုပ်ဝင်လုပ်နေပြီး TSMC အမှု‌ဆောင်အရာရှိချုပ်ဟောင်းတွေပဲ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒီအမှုဆောင်အရာရှိဟောင်းတွေဟာ ချပ်စ်လောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီချပ်စ်ပရောဂျက်သစ်နှစ်ခုဟာ 14nm နဲ့ 12nm chip process ကို သွားဖို့ ရည်မှန်းချက်ထားနေတာပါ။

လက်ရှိအနေအထားအရ QXIC နဲ့ HSMC တို့ရဲ့ chip process ဟာ TSMC နောက် မျိုးဆက် ၂ ခု ၊ ၃ ခု ပြတ်ကျန်နေပါတယ်။ Hongxin နဲ့ QXIC တို့ကို ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်မှာမှ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှ ချပ်စ်အင်ဂျင်နီယာပေါင်း ၃၀၀၀ ဟာ တရုတ်ဘက်ရောက်ကုန်တယ်လို့လည်း Nikkei သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က