မိတ်ဆွေရင်းချာတွေအဖြစ်ပဲ နေတော့မှာပါ
Nyein Min Wai

ဒေါ်လာ ဘီလျံ ရာနဲ့ချီ ချမ်းသာပြီး ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဒေါ်လာ ထရီလီယံတန် ကုမ္ပဏီဖြစ်လာတဲ့ Amazon ရဲ့ တည်ထောင်သူနဲ့CEO အတွက် ၂၀၁၉ အဖွင့်ဟာ အိမ်ထောင်ရေးလမ်းခွဲနဲ့စတင်ခဲ့ရပြီ ဖြစ်ပါတယ်။

         

Photo: BBC

         ဂျက်ဖ်ဘီဇော့စ်နဲ့သူ့ရဲ့ ဇနီးသည် မတ်စ်ကန်ဇီတို့ဟာ ၂၅ နှစ်အကြာ အိမ်ထောင်ရေး ပြတ်စဲကြောင်း Twitter ကနေ ကြေငြာခဲ့တာပါ။ သူတို့နှစ်ဦးလုံးရဲ့ လက်မှတ်နဲ့တရားဝင် ကွာရှင်းပြတ်စဲကြောင်း ပုံတစ်ပုံနဲ့အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့က ကြေငြာခဲ့တာ ဖြစ်ပြီး နောက်သုံးရက်ဆို ဘီဇော့စ်ရဲ့ အသက် ၅၅ နှစ်ပြည့် မွေးနေ့ကို ရောက်တော့မှာပါ။

         "ကျွန်တော်တို့ဘဝမှာ ဖြစ်ကြောင်းကုန်စင်ကို လူတွေကို အသိပေးချင်ပါတယ်။ ကျွန်တော်တို့မိသားစုဝင်တွေနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေ သိတဲ့အတိုင်း နှစ်ကာလများစွာ ကျွန်တော်တို့နှစ်ယောက် အနေစိမ်းခဲ့တာ ဖြစ်လို့မိတ်ဆွေတွေလိုပဲ လက်တွဲဖို့ကွာရှင်းဖို့ဆုံးဖြတ်လိုက်တာပါ။ " လို့Tweet မှာ ဖော်ပြထားပါတယ်။

         ဂျက်ဘီဇော့စ်နဲ့ဇနီး မတ်စ်ကန်ဇီ တို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Day One Fund နာမည်နဲ့ဆင်းရဲတဲ့ မိသားစုဝင် ကလေးများ ကျောင်းနေရေး နဲ့အိမ်ရာမဲ့များအတွက် အရေးပေါ် ကူညီရေအတွက် ဒေါ်လာ ၂ ဘီလျံတန် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ထားပါတယ်။ နှစ်ဦးသဘောတူ ကွာရှင်း ပြတ်စဲခဲ့ပြီဆိုပေမယ့် ရှေ့လျှောက် လုပ်ငန်းတွေမှာ အတူလက်တွဲ သွားမှာ ဖြစ်သလို စီမံကိန်းတွေလည်း အတူဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။

       အင်တာဗျူးတစ်ခုမှာ တွေ့ခဲ့ပြီးနောက်  ၁၉၉၃ ခုနှစ်က အိမ်ထောင်ပြုခဲ့တဲ့ ဘီဇော့စ်ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း ၂၅ နှစ်အတွင်း သားသမီး ၄ ဦးရထားတာပါ။ အသက် ၅၄ နှစ်အရွယ် ဘီဇော့ဟာ လက်ရှိမှာ အနည်ဆုံး ဒေါ်လာ ၁၃၇ ဘီလျံ ချမ်းသာပြီး Bloomberg Billionaire Index အရ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတစ်ယောက်အဖြစ် ဖော်ပြထားပါတယ်။ အသက် ၄၈ နှစ်အရွယ် စာရေးဆရာမ မတ်စ်ကန်ဇီကတော့ သူမရဲ့ ယောက်ျားကို Wall Street ဝန်ထမ်းဘဝကနေ Amazon ထောင်ဖြစ်ဖို့ပံ့ပိုးမှုမှာ အရေးပါဆုံးသူ ဖြစ်ပါတယ်။



         "ဘယ်လိုမျိုး အမျိုးအမည် lables တွေ ကွာခြားပါစေ။ ကျွန်တော်ကျွန်မတို့ဟာ မိသားစုတစ်ခုအဖြစ် ရှိနေဦးမှာ ဖြစ်သလို တစ်ယောက်ကို တစ်ယောြက် တန်ဖိုးထားတဲ့ မိတ်ဆွေတွေအဖြစ် ကျန်ရှိနေမှာပါ " ဆိုတဲ့ စာသားကတော့ ဘီဇော့မောင်နှံရဲ့ ကွာရှင်းပြတ်စဲကြောင်းမှာ နောက်ဆုံးပိတ်စကား ဖြစ်ခဲ့ပါတယ်။


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က