ကမ္ဘာ့အကောင်းဆုံး ဖုန်းအမျိုးအစား Best in Show ဆုချီးမြှင့်ခံထားရတာပါ။

Huawei နည်းပညာကုမ္ပဏီကနေ ကမ္ဘာ့အပါးလွှာဆုံး၊ ကမ္ဘာ့အမြန်ဆုံး 5G၊ ကမ္ဘာ့ပါဝါအကောင်းဆုံး ဘက်ထရီအစရှိတဲ့ နည်းပညာမြင့် Foldable Phone အမျိုးအစားကို ထုတ်လုပ်လိုက်ပြီဖြစ်ပြီး မိတ်ဆက်တဲ့အခမ်းအနားကို မတ်လ ၆ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

Huawei ရဲ့နည်းပညာမြင့် 5G Smart Phone ဖြစ်တဲ့ Huawei Mate X အမျိုးအစားကို ထုတ်လုပ်နိုင်ခဲ့ပြီး အာရှဈေးကွက်အတွင်း မိတ်ဆက်အခမ်းအနားတရပ်ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မတ်လ ၆ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ထိုင်းမီဒီယာတွေနဲ့ အာဆီယံဒေသတွင်း မီဒီယာအချို့တက်ရောက်ခဲ့ကာ Huawei Mate X ရဲ့အသုံးပြုပုံနဲ့ နည်းပညာအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။



Huawei Mate X ဟာ ကမ္ဘာ့အမြန်ဆုံး 5G chips ဖြစ်တဲ့ Balong 5000 5G Modem အသစ်ကို အသုံးပြုလာတဲ့ဖုန်းအမျိုးအစားဖြစ်ပြီး Huawei ကထုတ်လုပ်တဲ့ ပထမဆုံး Foldable Phone အမျိုးအစားလည်းဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်က ဖြန့်ထားချိန်မှာ ၈လက်မအကျယ်ရှိပြီး ခေါက်ထားချိန်မှာတော့ ရှေ့မျက်နှာပြင် ၆.၆လက်မ၊ အနောက်မျက်နှာပြင် ၆.၃၈လက်မရှိပါတယ်။ ရုပ်ထွက် Resolution က 2480 x 2200 pixel ပါရှိပြီး ခေါက်ထားချိန်မှာ ရှေ့နောက် display နှစ်ခုပါဝင်ပါတယ်။

Tablet mode နဲ့ Phone mode နှစ်မျိုးသုံးနိုင်မှာဖြစ်ပြီး မျက်နှာပြင်ဖြန့်ထားချိန် အကျယ် ၈လက်မဟာ သာမန် Tablet တွေထက်ပိုမိုကျယ်ဝန်းပါတယ်။ ကမ္ဘာ့အပါးလွှာဆုံးဖုန်းအမျိုးအစားဖြစ်ပြီး ခေါက်ထားချိန်မှာ 11mm၊ ဖွင့်ထားချိန်မှာ 5.4mm ပဲရှိလို့ ကမ္ဘာပေါ်မှာထုတ်လုပ်ထားပြီးသမျှ Foldable Phone တွေထဲမှာ ကိုယ်ထည်ထုနဲ့ဘေးဘောင်bezel အပါးဆုံးပါ။

နောက်ထပ်ထူးခြားချက်ကတော့ ဘက်ထရီပါဝါဖြစ်ပြီး 4500 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုထားလို့ ဖုန်းအားပြည့်နေချိန်မှာ နာရီပေါင်း သုံးထောင်နီးပါးအသုံးပြုနိုင်ပါတယ်။ ဖုန်းအားပြန်သွင်းရာမှာလည်းSuper Charge နည်းပညာကို သုံးထားပြီး 55W Charging ကြောင့် ဖုန်းအားလုံးဝရှိမနေချိန်မှာတောင် နာရီဝက်ပြန်သွင်းရုံနဲ့ ၈၅ရာခိုင်နှုန်းအထိ ပြန်လည်အသုံးပြုနိုင်ပါတယ်။

Huawei Mate X ဟာ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာကျင်းပခဲ့တဲ့ MWC 2019 ပြပွဲမှာလည်း ကမ္ဘာ့အကောင်းဆုံး ဖုန်းအမျိုးအစား Best in Show ဆုချီးမြှင့်ခံထားရတာပါ။ ဈေးကွက်အတွင်းကို ၂၀၁၉နှစ်အလယ်ပိုင်းလောက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၆၀၀ (မြန်မာငွေကျပ်သိန်း ၄၀ခန့်) နဲ့စတင်ရောင်းချမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က