ပုံမှန်အားဖြင့် ဒေတာ 1GBကို မြန်မာငွေ ၁၅၀ ကျပ်ဝန်းကျင်ပဲ ပေးသုံးနေတာပါ
Nyein Min Wai

     ဒေတာ 1GB ကို မြန်မာငွေ ၄၀၀ နီးပါးဈေးနဲ့ရောင်းချနေတဲ့ နိုင်ငံတစ်နိုင်ငံ ရှိပါတယ်။

         BBC report တစ်ခုမှာ ဖော်ပြချက်အရ ယူကေအခြေစိုက် Cable.co.uk မှ နိုင်ငံပေါင်း ၂၃၀ မှာ ရှိတဲ့ မိုဘိုင်း data plan ကို လေ့လာရာမှာ အိန္ဒိယ အော်ပရေတာတွေဟာ ပျမ်းမျှအားဖြင့် မိုဘိုင်းလ်ဒေတာ 1GB ကို ဝ.၂၆ ဒေါ်လာ ( မြန်မာငွေ ၃၉၈ ကျပ်ခန့်) နဲ့ဝန်ဆောင်မှုပေးနေတယ်လို့ဆိုပါတယ်။ ဒီ data plan ကို အမေရိကန်နိုင်ငံရဲ့ ပျမ်းမျှ မိုဘိုင်းလ်ဒေတာဈေးဖြစ်တဲ့ ၁၂.၃၇ ဒေါ်လာ ( မြန်မာငွေ ၁၉၀၀၀ ခန့်) ဈေးနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

Photo: moneycontrol

         အိန္ဒိယနိုင်ငံသား သုံးစွဲသူများကို မေးကြည့်ရာမှာ သူတို့ဟာ 1GB ဒေတာအတွက် ဝ.၁၀ ဒေါ်လာ ( မြန်မာငွေ ၁၅၃ ကျပ်ခန့်) ထက် မများတဲ့ ဈေးနဲ့ဝယ်သုံးတယ်လို့ဖြေပါတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို မိုဘိုင်းလ်ဒေတာဈေးအနည်းဆုံး နိုင်ငံဆိုတာကတော့ မမှားပါဘူး။

         တယ်လီကွန်း အော်ပရေတာကြီး ၄ ခုနဲ့လည်ပတ်နေတဲ့ Vodafone-Idea ဟာ အိန္ဒိယရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်ပြီး သုံးစွဲသူသန်း ၄၀၀ ကျော် ရှိပါတယ်။ သူ့နောက်မှာတော့subscriber ပေါင်း ၃၅၉ သန်း ခန့်ရှိတဲ့ Airtel+ Tata DoCoMO ၊ သုံးစွဲသူ သန်း ၂၈၀ ခန့်ရှိတဲ့ Jio နဲ့၁၁၇ သန်း ရှိတဲ့ BSNL+MTNL တို့ရှိပါတယ်။

         မိုဘိုင်းလ်အင်တာနက် ဒေတာဈေးအကြီးဆုံးဒေသဟာ ဆာမိုအာနိုင်ငံဖြစ်ပြီး ဒေတာ 1GB ကို ၃၀.၀၉ ဒေါ်လာ ( မြန်မာငွေ ၄သောင်း ၆ ထောင်ခန် ့) ဈေးနဲ့ဝန်ဆောင်မှုပေးနေတာပါ။ ကမ္ဘာ့မိုဘိုင်းလ်ဒေတာ ပျမ်းမျှ ဈေးနှုန်းဟာ ၈.၅၃ ဒေါ်လာ ( မြန်မာငွေ ၁၃၀၀၀ ခန့်) ရှိပြီး အာဆီယံနိုင်ငံများ ဖြစ်တဲ့ သီရိလကာၤ ၊ မွန်ဂိုလီးယား ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ချ် စတဲ့ နိုင်ငံတွေဟာ ပျမ်းမျှ 1GB ဒေတာကို ၁ ဒေါ်လာကျော်နဲ့ကမ္ဘာ့ဒေတာဈေး အနည်းဆုံး ထိပ်တန်း နိုင်ငံ ၂၀ မှာ ပါဝင်နေတယ်လို့ဆိုပါတယ်။

         ကမ္ဘာပေါ်မှာ အင်တာနက် အသိပညာတိုးတက်မှုမှာ အဆင့် ၂ နဲ့ရပ်တည်နေတဲ့ အိန္ဒိယနိုင်ငံမှာ လူသုံးအများဆုံး app နှစ်ခုကတော့ Facebook နဲ့WhatsApp ဖြစ်တယ်လို့ဆိုပါတယ်။ Facebook ဟာ Airtel နဲ့ပေါင်းပြီး တန်ဖိုးနည်း bandwidth မြင့် မိုဘိုင်းလ်ဒေတာ အင်တာနက်ဝန်ဆောင်မှုပေးမယ့် Express Wi-Fi project စတင်ထားပါတယ်။ 


Author


က္က