4K UHD resolution ပါတဲ့ True Pixel Display သုံးထားတာပါ
Nyein Min Wai

ဖန်တီးမှုပိုင်းကို အားသန်တဲ့ သုံးစွဲသူတွေအတွက် MSI ဟာ Prestige နဲ့Modern လက်ပ်တော့သစ်နှစ်မျိုးကို ဈေးကွက်နဲ့မိတ်ဆက်ထားပါတယ်။


စက်တင်ဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပခဲ့တဲ့ IFA 2019 ထုတ်ကုန်ပြပွဲမှာ ကမ္ဘာ့ပထမဆုံး 10th Gen Intel 6-core processor သုံး လက်ပ်တော့ နှစ်မျိုးကို MSI က ထုတ်ဖော်ပြသသွားခဲ့တာပါ။ Gaming laptop တွေနဲ့နာမည်ကျော်တဲ့ MSI ဟာ ဖန်တီးမှုတွေ အများဆုံး လုပ်ရတဲ့ ဂရပ်ဖစ်ဒီဇိုင်နာ ၊ Youtuber ၊ ဗွီဒီယိုအယ်ဒီတာ ၊ အင်ဂျင်နီယာနဲ့တစ်ခြား creative content ပရိုတွေကို ပစ်မှတ်ထားလာပါတယ်။

MSI ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Prestige စီးရီးဟာ screen size ပေါ်လိုက်ပြီး Prestige 14 နဲ့Prestige 15 ဆိုပြီး ထွက်ထားတာပါ။ လက်ပ်တော့တွေထဲမှာ ပထမဆုံး 10th Gen Intel Core i7 U-processor ကို သုံးထားတာ ဖြစ်ပြီး လုပ်ဆောင်ချက်တွေအများကြီး အပြိုင်လုပ်ရတဲ့ multi-threaded processing မှာ အနည်းဆုံး ၅၀% စွမ်းဆောင်ရည် ပိုမြင့်လာပါတယ်။

Photo: MSI Myanmar

ဂရပ်ဖစ်မှာ နောက်ဆုံးပေါ် စွမ်းရည်မြင့် NVIDIA GeForce GTX 16 series ဂရပ်ဖစ်နဲ့လာပြီး Premiere နဲ့ဗွီဒီယိုတည်းဖြတ်တာမျိုးမှာ အသာလေး rendering ချနိုင်သလို 4K video preview ကြည့်နိုင်မှာပါ။ Photoshop လိုမျိုး editing ဆော့ဖ်ဝဲလ်တွေ သုံးရာမှာလည်း အရင်ကထက် ၄၀% ပိုသွက်လာမယ်လို့ဆိုပါတယ်။

Prestige 14 နဲ့15 တို့ဟာ industry ထဲမှာ အမြင့်ဆုံး နောက်ဆုံးပေါ် 10th Gen Intel Core i7 processor နဲ့လာရုံတင်မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်တွေအတွက် ဒီဇိုင်းဆွဲထားတဲ့ True Pixel display ပါ သုံးထားပါတယ်။ MSI ရဲ့ True Pixel Display ဟာ 4K UHD resolution ပါရှိပြီး ကာလာရုပ်ထွက် ပိုမိုတိကျစေမယ့် True Color စံညှိစနစ် ၊ ပိုမို စုံလင်တဲ့ ကာလာတွေကို ထုတ်ပေးမယ့် 100% AdobeRGB ကာလာစုံစနစ် နဲ့အတူ တကယ့်အပြင်ကာလာရုပ်ထွက်အတိုင်း ရရှိစေမယ့် Delta-E<2 ကာလာထွက်မှန်ကန်ဖို့ပါ အာမခံထားပါတယ်။

ပါးလွှာသပ်ရပ်တဲ့ thin bezel ဒီဇိုင်းနဲ့အတူ မှန်ပြင်ကိုယ်ထည်အချိုးဟာ ၉၀% ခန့်ရှိထားပြီး အလေးချိန်ဟာ ၁.၂ ကီလိုဂရမ်နဲ့၁.၆ ကီလိုဂရမ်ပဲ ရှိလို့အတော်လေးကို ပေါ့ပါးပြီး သွားလေရာ သယ်ယူပြီး အလုပ်လုပ်လို့ရမယ့် လက်ပ်တော့တွေလည်း ဖြစ်ပါတယ်။ Prestige 14 နဲ့15 ဟာ ဘက်ထရီပါဝါအကောင်းဆုံး လက်ပ်တော့စာရင်းမှာ ပါရှိပါတယ်။

Photo: MSI Myanmar


Prestige 14 ဟာ ၁၀ နာရီအထိ အားခံမယ့် ဘက်ထရီပါပြီး Prestige 16 ရဲ့ ဘက်ထရီဟာ ၁၆ နာရီ အသုံးခံတာ ဖြစ်လို့တစ်နေ့လုံး အားသွင်းစရာမလိုဘဲ အလုပ်လုပ်နိုင်မှာပါ။ ဒီလက်ပ်တော့နှစ်မျိုးစလုံးဟာ ဒေတာသယ်ပို့မှု မြန်ဆန်တဲ့ Thunderbolt 3 နှစ်ခုစီနဲ့လာတဲ့အပြင် ကြိုးမဲ့ ချိတ်ဆက်မှု လုပ်ဆောင်ရာမှာလည်း အရင်ကထက် ၃ ဆပိုမို သွက်လက်မြန်ဆန်တဲ့ WiFi 6 နည်းပညာ ပါရှိပါတယ်။

Prestige စီးရီး ထုတ်ကုန်သစ်တွေနဲ့အတူ မိတ်ဆက်သွားတဲ့ Modern 14 ဟာ သတ္တုကိုယ်ထည်နဲ့လာပြီး ၁.၁၉ ကီလိုဂရမ်ပဲ အလေးချိန် ရှိပါတယ်။ Modern 14 ကတော့ လူငယ်ဆန်ဆန် ပိုမို ပေါ့ပါးသွက်လက်ပြီး စတိုင်ကျတဲ့ဘက်ကို ဦးစားပေးထားတာပါ။ ဒီထုတ်ကုန်ဟာလည်း ၁၀ နာရီအားခံတဲ့ ဘက်ထရီနဲ့high-end performance ပေးနိုင်ဖို့10th Gen Intel Core i7 processor ၊ NVIDIA GeForce MX250 GDDR5 2GB သုံးထားပါတယ်။

လက်ရှိမှာ Prestige 14/15 နဲ့Modern 14 တို့ကို blue diamond-cut အနားသတ် ကာဗွန်မှိုင်းရောင်နဲ့ထုတ်ထားပြီး ပြည်တွင်းဈေးကွက်မှာလည်း အောက်တိုဘာ ၂၅ ရက်နေ့က စတင်ရောင်းချထားပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ MSI Prestige 14 ကို ၁၂၉၉ ဒေါ်လာ ၊ MSI Prestige 15 ကို ၁၃၄၉ ဒေါ်လာနဲ့Modern 14 ကို ၈၈၉ ဒေါ်လာဈေးနဲ့ဝယ်ယူနိုင်ပါတယ်။



ယခုသတင်းဆောင်းပါးကို MSI Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


က္က