ဘာကာပရိတ်သတ်တွေအကြိုက် ဖြစ်မှာပါ

ဘာစီလိုနာအသင်းပိုင် နူးကမ့်ဘောလုံးကွင်းဟာ ကမ္ဘာပေါ်မှာ 5G ကွန်ရက် ဖြန့်ကျက်နိုင်တဲ့ ပထမဆုံး ဘောလုံးကွင်း ဖြစ်လာတော့မှာပါ။

         ကတ်တလန်ရဲ့ အထိမ်းအမှတ်တစ်ဖြစ်လဲ နူးကမ့်ဘောလုံးကွင်းဟာ စပိန်တယ်လီကွန်းအော်ပရေတာဖြစ်တဲ့ Telefonica နဲ့ပေါင်းပြီး ကွင်းတွင်းမှာ 5G ပေးမယ့် Espai Barca ပရောဂျက်ကို အကောင်အထည်ဖော်သွားမယ်လို့ကြေညာထားပါတယ်။ ဥရောပရဲ့ အကြီးဆုံးဘောလုံးကွင်းကြီး ဖြစ်တဲ့ နူးကမ့်မှာ Telefonica ရဲ့ လိုင်စင်ရ လှိုင်းနှုန်းစဉ် နဲ့Ericsson ရဲ့ commercial equipments တွေ သုံးပြီး 30Mbps နှုန်းကနေ 200Mbps အထိ အဆင့်မြှင့်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။



Photo: Duwun Tech

         လှိုင်းဆွဲအား ကြန့်ကြာမှု နိမ့်ပြီး 5G ကွန်ရက်ရဲ့ မြန်ဆန်တဲ့ ချိတ်ဆက်မှုကြောင့် ဒီပွဲကနေ လူမှုကွန်ရက်တွေနဲ့တရားဝင် apps တွေမှာ 4K ရုပ်ထွက်မြင့် 360 degree ဗွီဒီယိုတွေ ဖန်တီးနိုင်တော့မှာပါ။ 5G ကွန်ရက်ဟာ အလွန်မြန်ဆန်တဲ့ ဒေတာမြန်နှုန်း ၊ လိုင်းဆွဲအား နှေးမှု မရှိသလောက် မြန်ခြင်း အပြင် ကွန်ရက်စွမ်းရည် ပိုမြင့်မှုတွေကြောင့် ပွဲကြည့်လာသူတွေအတွက် ဒေတာသုံးစွဲမှု မြင့်မားတဲ့ apps အမြောက်အများကို အဆင်ပြေပြေ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

         " နူးကမ့်ဟာ ဥရောပရဲ့ အကြီးဆုံး ဘောလုံးကွင်းဖြစ်ပြီး ပရိတ်သတ်ပေါင်း ၉၀၀၀၀ ကျော် ဆန့်ပါတယ်။ Espai Barca ပရောဂျက်ကနေ လူပေါင်း ၁၀၅၀၀၀ အထိ ဝင်ဖို့လုပ်ထားပါတယ်။ ဒီသဘောတူညီမှုအတွက် ဘာစီလိုနာအသင်းနဲ့GSMA တို့ကနေ သဘောတူထားတာ ဖြစ်ပြီး Telefonica နဲ့ပူးပေါင်းထားတာပါ။ အရင်ကလည်း 5G မိုဘိုင်းဆက်သွယ်ရေးမှာ အဆင့်မြင့်ဆုံးနည်းပညာပိုင်းအတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနစင်တာတစ်ခု နူးကမ့်မှာ ဖွင့်ထားဖူးပါတယ်" လို့ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက်ပ်မာရီယာ ဘာတော့မူးက ထုတ်ပြန်ထားပါတယ်။




         5G နည်းပညာဟာ အားကစားလောကမှာပါ ရေပန်းစားစိမ့်ဝင်နေပြီး ၂၀၂၀ အိုလံပစ်နဲ့UEFA ချန်ပီယံရှစ်ပွဲစဉ်အမှီ ဒီကွန်ရက်သစ်ကို မိတ်ဆက်ဖို့တယ်လီကွန်းအော်ပရေတာများအနေနဲ့စီစဉ်နေပါတယ်။ လတ်တလောအနေနဲ့ဘာစီလိုနာကွင်းမှာ 5G အဆင့်မြှင့်တင်မှုအတွက် အချိန်ဇယားမထုတ်ပြန်ထားပေမယ့် Espai Barca စီမံကိန်းဟာ ၂၀၂၄ မှာ ပြီးစီးဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က