မြန်မာနိုင်ငံမှာလည်း 5G နည်းပညာစင်တာ ဖွင့်လှစ်ထားပါတယ်။

     ပြီးခဲ့တဲ့နှစ်က ကာတာမှာ ကမ္ဘာ့ပထမဆုံး commercial 5G ကွန်ရက်ကို စတင်ခဲ့တဲ့ Ooredoo Group ဟာ MWC 2019 မှာတော့ 5G ကွန်ရက်ချိတ်ဆက်မှုနဲ့အလိုအလျောက်မောင်း ဒရုန်းယာဉ်ပျံတစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

         MWC 2019 ပထမနေ့မှာ သရုပ်ပြခဲ့တဲ့ ဒီယာဉ်ဟာ VR လို့ခေါ်တဲ့ ကွန်ပျူတာပုံရိပ်ဖော်နည်းပညာအကူနဲ့ကာတာနိုင်ငံ ဒိုဟာမြို့ကို virtual ပျံသန်းပြခဲ့ပါတယ်။ ဒါဟာ 5G အနေနဲ့နောက်ပိုင်း လူ့အသိုင်းအဝိုင်းကို ဘယ်လို ပုံစံပြောင်းနိုင်မလဲဆိုတဲ့ ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇိုင်းအနေနဲ့ရဟတ်ယာဉ်တစ်စီးကို ဒလက် ၈ ခုတပ်ထားတဲ့ ဒရုန်းဒီဇိုင်းမျိုး ဖြစ်ပါတယ်။



Photo: Duwun Tech

         မောင်းသူမဲ့ 5G မိုးပျံယာဉ်အနေနဲ့ဒီဒရုန်းဟာ ဒီဇိုင်းပိုင်းမှာ ခေတ်ရှေ့ပြေးယာဉ်ဒီဇိုင်းဖြစ်ရုံတင်မဟုတ်ဘဲ အင်တာနက်ချိတ်ဆက်မှုမြန်နှုန်းကို မြှင့်ပြီး လိုင်းဆွဲအား ကြန့်ကြာမှုကို လျှောြ့ချပေးနိုင်မယ့် 5G နဲ့လာတာ ဖြစ်ပါတယ်။ ပွဲကို တက်ရောက်လာသူတွေထဲကလည်း တစ်ချို့ဟာ ဒီယာဉ်ထဲ ဝင်ထိုင်ပြီး 5G ရဲ့ VR အတွေ့အကြုံနဲ့ဒိုဟာကို ပျံသန်းမှုတွေ လက်တွေ့လုပ်ဆောင်ခဲ့ပါတယ်။

                  ဒီပွဲမှာ Ooredoo Group ရဲ့ CEO ရှိတ်ခ်ဆော်ဘင် နက်ဆာအယ်တန်နီက "၂၀၁၈ ကစပြီး ကမ္ဘာ့ပထမဆုံး 5G commercial ဖြန့်ချိဖို့အသင့်ဖြစ်နေတဲ့ ကုမ္ပဏီအနေနဲ့ကျွန်တော်တို့ဟာ ကမ္ဘာမှာ 5G နည်းပညာဦးဆောင် ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ " လို့ဆိုပါတယ်။ "5G နဲ့စမတ်မြို့တော်ဆိုင်ရာ app တွေမှာ ကာတာရဲ့ ဦးဆောင်မှုကို ကျွန်တော်တို့ဂုဏ်ယူသလို Intelligent Connectivity လို့ခေါင်းစီးတပ်ထားတဲ့ MWC 2019 ပွဲကြီးမှာ ခေတ်ရှေ့ပြေးနည်းပညာဝန်ဆောင်မှုတွေ ပြသနိုင်လို့လည်း ဂုဏ်ယူမိပါတယ်" လို့ ပြောခဲ့ပါတယ်။
Photo: Duwun Tech  

         Ooredoo ဟာ 5G နိုင်ငံတကာဖုန်းခေါ်ဆိုမှုကို ပထမဆုံး လုပ်ဆောင်ခဲ့တဲ့ တယ်လီကွန်းကုမ္ပဏီတွေထဲမှာ ပါဝင်ပြီး လက်ရှိ ကာတာမှာ Live 5G လွှင့်နေတဲ့ နေရာ ၁၀၀ ကျော် ရှိနေပြီလို့ဆိုပါတယ်။ ၂၀၁၈ ထဲမှာပဲ Ooredoo ဟာ အင်ဒိုနီးရှား ၊ ကူဝိတ် နဲ့မော်လ်ဒိုက်တို့မှာ 5G စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့သလို မြန်မာပြည်မှာလည်း Nokia နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံ ရန်ကုန်နည်းပညာတက္ကသိုလ် YTU မှာ 5G ဆက်သွယ်ရေးဆိုင်ရာ နည်းပညာစင်တာတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

       Ooredoo ဟာ MWC ပွဲမှာပဲ နည်းပညာအကူအညီနဲ့ကလေးတွေရောက်နေတဲ့ နေရာကို စောင့်ကြည့်ခြင်း ၊ ဒရုန်းနဲ့ဘောလုံးကွင်းလုံခြုံရေး ပေးခြင်း နဲ့၂၀၂၂ ကာတာမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပွဲစဉ်မှာ ပွဲကို လာတဲ့ ပရိတ်သတ်တွေကို ကူညီပေးမယ့် ညာဏ်ရည်မြင့် ချိတ်ဆက်ရေးသုံး app တွေလည်း ပြသခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က