120Hz ProMotion OLED display ပါ သုံးသွားဖို့ရှိပါတယ်
Nyein Min Wai

Apple ဟာ လာမယ့်နှစ်မှာ 5G ချိတ်ဆက်မှုလုပ်ဆောင်နိုင်တဲ့ iPhone တွေ ကြေညာသွားမယ်လို့သတင်းထွက်နေပါတယ်။

5G iPhone တွေ မိတ်ဆက်မယ့်အကြောင်းကို Nikkei Asian Review သတင်းက စတင်ဖော်ပြခဲ့တာ ဖြစ်ပြီး Qualcomm ရဲ့ X55 5G modem သုံးသွားမယ်လို့ဆိုပါတယ်။ ၂၀၂၀ မှာ ထွက်လာမယ့် 5G iPhone တွေဟာ ကမ္ဘာ့ပထမဆုံး 5nm process နဲ့ထုတ်ထားတဲ့ Apple A14 Bionic chipset သုံးသွားမယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။


Photo: cultofmac

ဒီ processor ကို TSMC ကနေ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး လာမယ့် ၂၀၂၀ မှာ 5nm process chipset ထုတ်မယ့်အစီအစဉ်ကို ချပြထားတာ Apple နဲ့Huawei တို့ပဲ ရှိထားတာပါ။ Nikkei သတင်းအရင်းအမြစ်တွေအရ Apple ရဲ့ ပထမဆုံး 5G iPhone ကို ဖုန်းမော်ဒယ် ၃ မျိုးစလုံးမှာ မြင်ရမယ်လို့ဆိုပါတယ်။

Apple ဟာ 5G ဖုန်းသစ်အရေအတွက် အနည်းဆုံး သန်း ၈၀ ထုတ်လုပ်ဖို့စီစဉ်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။ ၂၀၂၀ ထုတ် iPhone တွေမှာ in-display fingerprint sensor သုံးသွားဖို့လည်း ရှိပြီး screen resfresh rate အမြင့်ဆုံးဖြစ်တဲ့ 120Hz ProMotion OLED screen သစ် သုံးလာမယ်လို့ဆိုပါတယ်။


Photo: The Verge

Apple ဟာ ၂၀၁၇ ခုနှစ်က ကုမ္ပဏီရဲ့ ပထမဆုံး 120Hz screen သုံး ထုတ်ကုန်တွေ ဖြစ်တဲ့ ၁၀.၅ လက်မ iPad Pro နဲ့၁၂.၉ လက်မ iPad Pro တို့ကို မိတ်ဆက်ထားပါတယ်။ လက်ရှိ ထုတ်ထားတဲ့ iPhone တွေဟာ 60Hz display သုံးထားတာ ဖြစ်ပြီး refresh rate နှစ်ဆမြှင့်လိုက်တာကြောင့် screen ကို scroll လုပ်တာ swipe ပွတ်တာမှာ ပိုပြီး ချောမွေ့လာပြီး ဗွီဒီယိုတွေကို 24fps ၊ 48fps နဲ့60fps တွေနဲ့အတိအကျ ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။

Apple ဟာ နောက်လာမယ့် iPhone တွေမှာ notch အရွယ်အစား ပိုသေးပြီး ကျောဘက်မှာ 3D ToF sensor တပ်ဆင်သွားဖို့ရှိပါတယ်။


က္က