Zero Bezel TV အ‌ဖြစ် မြင်ရမလား

လာမယ့်ဖေဖော်ဝါရီလထဲမှာ Samsung ဟာ ဘောင်မပါသလောက် ပါးလွှာတဲ့ မှန်ပြင်ပြည့် တီဗွီတစ်မျိုးကို မိတ်ဆက်ပြသသွားဖို့ ရှိပါတယ်။

လာ့စ်ဗီးဂတ်စ်မှာ ကျင်းပမယ့် Consumer Electronics Show (CES 2020) ပွဲမှာ Samsung ဟာ frame-less TV ကို မိတ်ဆက်သွားမယ်လို့ SamMobile သတင်းက ဆိုပါတယ်။ Samsung ရဲ့ တီဗွီသစ်မှာ ပြင်ပက bezel တွေ မပါတော့ဘဲ တီဗွီကိုယ်ထည်နဲ့ ချောချောမွေ့မွေ့ ပေါင်းစပ်ထားပါတယ်။ SamMobile ရဲ့ သတင်းမှာတော့ ဒါဟာ ကမ္ဘာ့ပထမဆုံး bezel-less တီဗွီစစ်စစ်ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: MobileScout

Age of Experience ဆိုတဲ့ စာတမ်းနဲ့ ကုမ္ပဏီရဲ့ ဖိတ်စာမှာ ဇန်နဝါရီ ၆ ရက်နေ့မှာ Samsung စမတ်တီဗွီကို မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ Samsung ဟာ Zero Bezel TV အဖြစ် ဘေးဘောင်တွေကို လုံးဝဖယ်ရှားမယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဖို့အတွက် display panel နဲ့ တီဗွီ ကိုယ်ထည်တွေကို တစ်သားတည်း ဆက်တဲ့နည်းပညာလည်း ရထားပြီး ဖြစ်ဖို့ ရှိပါတယ် လို့ SamMobile သတင်းက ဖော်ပြထားပါတယ်။

Samsung စမတ်တီဗွီဟာ မျက်နှာပြင် ၆၅ လက်မနဲ့ အထက် ရှိနိုင်ပြီး ဖေဖော်ဝါရီလကစလို့ ထုတ်လုပ်မှု စတင်သွားဖို့ ရှိနေပါတယ်။ တီဗွီရဲ့ အကြောင်း တစ်ခြား အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။Samsung ဟာ CES 2020 ပွဲမှာ ဘေးဘောင်မဲ့ တီဗွီအပြင် Samsung C-Lab Inside Program ကနေ ထုတ်တဲ့ Becon, piBO,Hyler,SelfieType နဲ့ SunnySide စတဲ့ ထုတ်ကုန်သစ်တွေလည်း ကြေညာသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က