ကမ္ဘာ့ပထမဆုံး Helio G80 Processor နဲ့ realme 6i (4+128 version) ကို အထူးအစီအစဉ်တွေနဲ့အတူ မတ်လ ၁၈ ရက်မှ မတ်လ ၂၆ ရက်နေ့အတွင်း Pre-order မှာယူနိုင်ပြီလို့သိရပါတယ်။

realme Myanmar ရဲ့ စမတ်ဖုန်းအသစ် realme 6i ကို Online Launch Event အဖြစ် ပြီးခဲ့တဲ့ မတ်လ (၁၇) ရက်နေ့က မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် စတင်မိတ်ဆက်ပေးခဲ့တာပါ။

realme 6i ရဲ့အဓိကထူးခြားချက်က ကမ္ဘာ့ပထမဆုံး Helio G80 Processor ကိုအသုံးပြုပေးထားခြင်းဖြစ်ပြီး ထူးခြားတဲ့ Gaming အတွေ့အကြုံကောင်းတွေကိုရရှိစေမှာ ဖြစ်ပါတယ်။

realme 6i အတွက် version ၂မျိုးထုတ်လုပ်ပေးထားပြီး 4GB RAM+128GB ROM ကို ၂၉၉,၉ဝဝ ကျပ်ဖြင့် မတ်လ (၁၈) ရက်မှ (၂၆) ရက်အထိ ကြိုတင် Pre-order များလက်ခံပေးလျက်ရှိပြီး မတ်လ (၂၉) ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် Pre-order မှာယူသူတွေဟာ realme ကပေးတဲ့ realme Brand T-shirt နှင့် Mini Bluetooth Speaker တို့ပါဝင်သော Gift-set box ကိုရရှိမှာဖြစ်တဲ့အပြင် Pre-order တင်ထားတဲ့ Voucher စာရွက်ကို ဓာတ်ပုံရိုက်ကာ realme Myanmar Facebook Page ရှိ Pre-order Post အောက်မှာ Comment အဖြစ်လာပြပါက နောက်ထပ် realme 6i တစ်လုံးကံထူးခွင့်ကို ရရှိနိုင်ဦးမှာဖြစ်ကာ စုစုပေါင်း (၃) ဦးအထိရွေးချယ် ချီးမြှင့်ပေးသွားမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။

အဆိုပါ ကံထူးရှင် (၃) ဦးထဲကမှ ပိုမိုကံထူးသူတစ်ဦးကိုဆက်လက်ရွေးချယ်သွားဦးမှာဖြစ်ပြီး realme ရဲ့ KV Star ဖြစ်သူ ပြည်သူချစ်အနုပညာရှင် ကောင်းမြတ်စံက အိမ်တိုင်ရာရောက် Surprised Delivery အဖြစ် လာရောက်ပို့ဆောင်ပေးသွားမှာ လည်းဖြစ်ပါတယ်။

realme 6i အတွက် နောက်ထပ် version တစ်မျိုးဖြစ်တဲ့ 3GB RAM+64GB ROM ကို Stock အခက်အခဲကြောင့် လာမယ့် ဧပြီလထဲကျမှ စျေးနှုန်း ၂၄၉,၉ဝဝ ကျပ်ဖြင့် တိုက်ရိုက်အဖြစ်စတင်ရောင်းချပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက် တွေကို realme Myanmar Facebook Page မှာဆက်လက်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

realme 6i မှာ နောက်ဘက် ကင်မရာ (၄)လုံးအထိပါဝင်ပြီး အဓိကကင်မရာက 48MP အရည်အသွေးရှိဓာတ်ပုံများကိုရိုက်ယူနိုင်ပါတယ်။ ဒုတိယ ကင်မရာအတွက် ၁၁၉ ဒီဂရီအထိ မြင်ကွင်းကျယ်ဓာတ်ပုံများရိုက်ယူနို်င်စေမယ့် 8MP Wide-angle Lens ကိုအသုံးပြုပေးထားပြီး Portrait အလှပုံများအတွက် 2MP depth sensor နှင့် ၄စင်တီမီတာအကွာမှ အနုစိတ်ပုံများစမ်းသပ်ရိုက်ကူးနိုင်စေမည့် 2MP Ultra Micro Lens တို့ကိုတပ်ဆင်ပေးထားပါတယ်။

ရှေ့ဘက်ကင်မရာအတွက် 16MP Selfie ကင်မရာကို တိုးမြှင့်အသုံးပြုပေးထားပြီး ထူးခြားတဲ့အလှဖန်တီးမှုဆိုင်ရာ feature များကို အသုံးပြုနိုင်မှာပါ။

Battery ပိုင်းအတွက် 5000 mAh အမျိုးအစားကိုအသုံးပြုထားပြီး 18W (Quick Charge) ပါဝင်တဲ့ Type-c port ကိုပါအသုံးပြုပေးထားတာကြောင့် Mobile Legends လိုဂိမ်းတွေကစားရင် ၁၂နာရီကျော်အထိ အားခံစေပါတယ်။

6.5-inch HD+ ရုပ်ထွက်အရည်အသွေးနှင့် မြင်ကွင်းကျယ်အတွေ့ကြုံကို realme 6i တွင် တွေ့မြင်ခံစားရမှာဖြစ်ပြီး Android 10 ကိုအခြေခံထားသည့် realme ရဲ့ကိုယ်ပိုင် UI ကိုခံစားထိတွေ့ကြရမှာပါ။

ဒီဇိုင်းပိုင်းမှာ ထူးခြားတဲ့ အသွင်မျိုးအဖြစ် ဂျပန်လူမျိုးကမ္ဘာ့ဒီဇိုင်းပညာရှင် Naoto Fukasawa က အစင်းလိုင်းလေးတွေ အဖြစ် ဖန်တီးပေးထားပြီး Green Tea (အစိမ်းရောင်)နဲ့ White Milk (အဖြူရောင်) ၂မျိုးကိုရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဖုန်း Unlocking စနစ်အတွက် Pattern Lock နှင့် Passcode အပါအဝင် Face Unlock နှင့် Fingerprint စနစ်တို့ကိုပါထည့်သွင်း ပေးထားတာလည်းတွေ့ရပါတယ်။

(ဒီသတင်းကို realme Myanmar မှပံ့ပိုးကူညီထားပါတယ်)



က္က