တစ်နှစ်ကျော် အတွင်းမှာ နံပါတ် ၇ နေရာကို ရောက်ရှိလာခဲ့ပါပြီ
Nyein Min Wai

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ထဲ ပြီးခဲ့တဲ့နှစ် မေလက စတင် ဝင်ရောက်ခဲ့တဲ့ Realme ဟာ အခုချိန်မှာ သတ္တမအကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာခဲ့တယ်လို့၂၀၁၉ တတိယသုံးလပတ်အတွက် ထုတ်ပြန်တဲ့ Counterpoint ရဲ့ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့ရောင်းချမှု အချက်အလက်တွေက ဖော်ပြထားပါတယ်။

Photo: whatmobile

Counterpoint ကနေ ထုတ်ပြန်တဲ့အချက်အလက်တွေအရ Realme ဖုန်းတင်ပို့ရောင်းချမှုဟာ ၂၀၁၉ တတိယသုံးပတ်အတွင်း အလုံးရေ ၁၀ သန်းကျော် ရှိခဲ့ပြီး နှစ်အလိုက် တိုးတက်မှုနှုန်းမှာ ၈၀၈% အထိ ခုန်တက်လာခဲ့တယ်လို့ဆိုပါတယ်။ Realme ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ ကမ္ဘာ့အဆင့် ၇ နေရာကို ရောက်ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းနယ်ပယ်မှာတော့ တိုးတက်မှုအမြန်ဆုံး ဖုန်းအမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာလည်း Realme ဟာ Leap To Quad Camera ဆောင်ပုဒ်နဲ့အညီ ထူးခြားဆန်းသစ်တဲ့ ကင်မရာရိုက်ကူးမှု အတွေ့အကြုံတွေ ပေးနိုင်မယ့် Realme 5 နဲ့Realme 5 Pro ဖုန်းသစ်တွေကို မိတ်ဆက်ထားပါတယ်။ RAM 3GB/32GB storage ဗားရှင်း Realme 5 ကို ၂၂၉၉၀၀ ကျပ် ဈေးနဲ့ရောင်းချထားတာ ဖြစ်ပြီး Quad Lens သုံး စမတ်ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးဖုန်းလည်း ဖြစ်ပါတယ်။

Realme 5 ဟာ ကြီးမား ကျယ်ပြန့်တဲ့ HD+ ရုပ်ထွက်အရည်အသွေး ပါရှိတဲ့ ၆.၅ လက်မအရွယ် screen size နဲ့လာပြီး 5000 mAh အကြီးစား ဘက်ထရီပါဝါကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Realme ကနေ ထုတ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ Realme 5 ဟာ ဘက်ထရီပါဝါအကြီးဆုံး သုံးထားတဲ့ ဖုန်းအဖြစ်လည်း စံချိန်တင်ထားပါတယ်။


ယခုသတင်းဆောင်းပါးကို Realme Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။



က္က