Cambridge Analytica ဖြစ်ရပ်ကလည်း သူ့ရဲ့ ဓနဥစ္စာကို မထိပါးနိုင်ခဲ့ပါဘူး
Nyein Min Wai

အခုဆို အသက် ၃၄ နှစ်အရွယ် မတ်ဇူကာဘတ်ခ်ဟာ ကမ္ဘာကျော်ရင်းနှီးမြှပ်နှံမှု ပါရဂူဘီလျံနာကြီး ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်ရဲ့ နေရာကိုတောင် လူစားလဲ ယူသွားပြီ ဖြစ်ပါတယ်။

620x-1.png

photo: bloomberg

 

Bloomberg Billionaires Index မှာ Facebook တည်ထောင်သူနဲ့CEO မတ်ဇူကာဘတ်ခ်ဟာ ကမ္ဘာ့အချမ်းသာဆုံး တတိယသူကြွယ်နေရာမှာ ဖော်ပြလိုက်ပါတယ်။ Facebook ရဲ့ ရှယ်ယာတန်ဖိုး ၂.၄% ခုန်တက်လာပြီးနောက်မှာ ဇူကာဘတ်ခ်ဟာ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်နဲ့Microsoft ကော်ပိုရေးရှင်းတည်ထောင်သူ ဘီလ်ဂိတ်စ်တို့ပြီးရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူသား ဖြစ်လာပါတယ်။

မတ်ဇူကာဘတ်ခ်ဟာ အသားတင် ဒေါ်လာ ၈၁.၆ ဘီလျံ ကြွယ်ဝပြီးနောက် ဒေါ်လာ ၈၁.၂ ဘီလျံ ချမ်းသာတဲ့ ဝါရင်ဘတ်ဖတ်ထက် ဒေါ်လာ ၃၇၃ သန်း ပိုချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံး တတိယနေရာကို ပထမဆုံး အကြိမ် ကျော်တက်သွားတာပါ။ စိတ်ဝင်စားစရာက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၃ ဦးစလုံး နည်းပညာသမားတွေ ဖြစ်တာကလည်း သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေပါတယ်။

မတ်ဇူကာဘတ်ခ်တည်ထောင်တဲ့ Facebook ကုမ္ပဏီဟာလည်း လက်ရှိမှာ ဒေါ်လာ ၅၇၅ ဘီလျံနီးပါး တန်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်နေပြီး ကမ္ဘာမှာ ပဉ္စမမြောက် တန်ဖိုးအကြီးဆုံး အများပိုင်ကုမ္ပဏီဖြစ်နေပါတယ်။  မတ်ဇူကာဘတ်ခ်ရဲ့ ကြွယ်ဝမှုရဲ့ ၉၇% နီးပါး (ဒေါ်လာ ၇၉ ဘီလျံ) ဟာ Facebook ရဲ့ စတော့ကနေ ဝင်တာ ဖြစ်ပြီး ကျန်တဲ့ ဒေါ်လာ ၂.၅ ဘီလျံကတော့ ငွေသားပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။

ဇူကာဘတ်ခ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တိုမှာ ဒေါ်လာ ၉ သန်းတန် အိမ်တစ်လုံးနဲ့ဟာဝိုင်အီမှာ ဒေါ်လာ သန်း ၁၀၀ တန် ကျွန်းတစ်ခုအပါအဝင် ဒေါ်လာ ၁၇၅ သန်းတန် အိမ်ခြံမြေများလည်း ပိုင်ဆိုင်ထားပါတယ်။

အသက် ၈၇ နှစ်အရွယ် Berkshire Hathaway Inc ရဲ့ CEO နဲ့chairman ဖြစ်သူ ဝါရင်းဘတ်ဖက်ကတော့ ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၃၀.၈ ဘီလျံကို အများအကျိုးအတွက် လှူဒါန်းထားပြီး သူ့မိတ်ဆွေ ဘီလ်ဂိတ်စ်ပြီးရင် ကမ္ဘာ့အရက်ရောဆုံး ပရဟိတသမားကြီးလည်း ဖြစ်ပါတယ်။

photo: Forbes

 

ပြီးခဲ့တဲ့ ဧပြီလထဲမှာ Cambridge Analytica ကြောင့် လူပေါင်း ၈၇ သန်း ကျော် အချက်အလက်ပေါက်ကြားစဉ်က Facebook ဟာ ရှယ်ယာတစ်စုကို ၁၅၂.၂၂ ဒေါ်လာထိ ကျဆင်းခဲ့ပေမယ့် ဒီနေ့အချိန်မှာတော့ ရှယ်ယာတန်ဖိုး ၂၀၃.၂၃ ဒေါ်လာနဲ့စံချိန်တင် မြင့်တက်နေပါတယ်။


Author


က္က