face mask ‌ပေါင်း သန်း ၂၀ ‌ကျော် လှူဒါန်းထားပါတယ်

ကိုရိုနာဗိုင်းရပ်စ်လူနာများနဲ့ ထိတွေ့ကုသမှုပေးနေရတဲ့ ကျန်းမာရေးလုပ်သားများအတွက် Apple ဟာ မျက်နှာကာပစ္စည်း Face Shields များ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်နေတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က Twitter ကနေတစ်ဆင့် ကြေညာပါတယ်။

Apple ဟာ ကျန်းမာရေးလုပ်သားများအတွက် Face Shields တွေကို ဒီဇိုင်းဆွဲ ၊ ထုတ်လုပ်တင်ပို့ဖို့ ထုတ်ကုန်ဒီဇိုင်နာများ ၊ အင်ဂျင်နီယာများ ၊ suppliers များ ပါဝင်တဲ့ ကုမ္ပဏီတစ်ခုလုံးအင်အားနဲ့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ပထမအသုတ် Face Shield တင်ပို့မှုအနေနဲ့ ပြီးခဲ့တဲ့အပတ် ဆန်တာကလဲရာမှာ ရှိတဲ့ Kaiser ဆေးရုံမှာ လှူဒါန်းခဲ့တယ်လို့လည်း တင်မ်ကွတ်က ပြောပါတယ်။






" ဒါက တကယ့်ကို တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကြိုးပမ်းမှုအစစ်ပါပဲ။ ကျွန်တော်တို့ဟာ တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ဒီပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ အလွှာအသီးသီးက အစိုးရတွေနဲ့ စဉ်ဆက်မပြတ်ပူးပေါင်း လုပ်ဆောင်နေပါတယ်။" လို့ တနင်္ဂ‌နွေနေ့က Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က Twitter မှာ ပြောထားပါတယ်။

Apple မှ ဒီဇိုင်းထုတ်ထားတဲ့ Face Shield တွေဟာ စိတ်ကြိုက်အတိုးအလျှော့လုပ်နိုင်ပြီး နှစ်မိနှစ်အတွင်း တပ်ဆင်နိုင်တယ်လို့လည်း ဆိုပါတယ်။ Kaiser ဆေးရုံကို ပို့လိုက်တဲ့ ပလတ်စတစ် Face Shields တွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေဆီက ရရှိတဲ့ တုန့်ပြန်မှုကလည်း ကောင်းမွန်တယ်လို့ တင်မ်ကွတ်က ပြောပါတယ်။

Photo: businessinsider

Face Shields တွေဟာ တစ်ဗူးမှာ အခု ၁၀၀ ပါရှိပါတယ်။ Apple ဟာ ဒီတစ်ပတ်ထဲမှာ Face Shield ပေါင်း ၁ သန်းကျော် တင်ပို့သွားဖို့ စီစဉ်ထားပြီး နောက်ထပ် အပတ်စဉ် Face Shield ပေါင်း ၁ သန်းစီ ထုတ်လုပ်သွားမယ်လို့လည်း တင်မ်ကွတ်က ပြောပါတယ်။ အမေရိကန်နိုင်ငံ ပြင်ပကိုလည်း ဒီ Face Shield များ အမြန်ဖြန့်ဝေတင်ပို့သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Apple ဟာ Global Supply Chain ကနေတစ်ဆင့် face mask ပေါင်း သန်း ၂၀ ကျော် လှူဒါန်းထားသလို ပြီးခဲ့တဲ့ အပတ်ကလည်း COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်အစိုးရကို ယွမ်သန်း ၅၀ ကျော် လှူဒါန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က