ဇွန် ၃၀ ရက်နေ့အထိ ပေးသွားမှာပါ

COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့ဆုံးကနေ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် Samsung နဲ့ Google တို့ဟာ အခမဲ့ဖုန်းပြုပြင်မှု ပေးသွားမယ်လို့ ဆိုပါတယ်။


ဒီကုမ္ပဏီနှစ်ခုဟာ ဖုန်းပြုပြင်ရေးကုမ္ပဏီ uBreakiFix နဲ့ ပေါင်းပြီး ဖုန်းပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ 9to5Google က ဖော်ပြထားပါတယ်။ Samsung ဟာ Free Repairs For The Frontline ဆိုတဲ့ ပရိုဂရမ်ကနေ Samsung စမတ်ဖုန်းတွေအတွက် အခမဲ့ ဖုန်းပြင်ဝန်ဆောင်မှုပေးသွားမှာပါ။ ဒီပရိုဂရမ်ကနေ ကျန်းမာရေးဝန်ထမ်းများနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်နေသူများအတွက် ဇွန်လ ၃၀ ရက်နေ့အထိ ဖုန်းမှန်ကွဲခြင်းနဲ့ ဘက်ထရီလဲတာမျိုး အပါအဝင် ဖုန်းပြုပြင်ရေးဝန်‌ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။




Photo: micky

Samsung ရဲ့ Free Repair For the Frontline အစီအစဉ်ဟာ ဆရာဝန်များ ၊ သူနာပြုများ ၊ ဆေးရုံဝန်ထမ်းများ ၊ အရေးပေါ်ဆေးအဖွဲ့များ ၊ ရဲဝန်ထမ်းများ နဲ့ မီးသတ်သမားများ ပါဝင်ပါတယ်။ အစီအစဉ်နဲ့ အကျုံးဝင်သူတွေဟာ သူတို့ရဲ့ ID ပြပြီး uBreakiFix ဆိုင်များ သွားပြီးပဲ ဖြစ်ဖြစ် မေးလ်ကနေ အခမဲ့ Free Repair ရဖို့ စာပို့တာ ဖြစ်ဖြစ် လုပ်ဖို့ လိုပါတယ်။ Samsung ဟာ ကျန်းမာရေးဝန်ထမ်းများအတွက် Samsung.com ကနေ ဝယ်ယူမှု လုပ်တိုင်း ၃၀% လျှော့ဈေးပေးထားတယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေချိန်မှာ Samsung ဟာ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ဒီတစ်ကြိမ်ဟာ ပထမဆုံး လုပ်ဆောင်ချက်တော့ မဟုတ်ပါဘူး။ COVID-19 ကြောင့် အမေရိကန်နဲ့ ကနေဒါတို့မှာ Samsung စတိုးများ ပိတ်ချမှု မလုပ်ခင်မှာ စမတ်ဖုန်းတွေမှာ ပိုးသတ်နိုင်ဖို့ ကုမ္ပဏီစတိုးတွေမှာ Galaxy Sanitizing Service နာမည်နဲ့ အခမဲ့ ပိုးသတ်ပေးတဲ့ စနစ် ကျင့်သုံးခဲ့ပါတယ်။

Google ကလည်း ကုမ္ပဏီရဲ့ Pixel ဖုန်းတွေမှာ အလားတူ အစီအစဉ်တစ်ခု လုပ်ထားပါတယ်။ Pixel ဖုန်းအခမဲ့ ပြုပြင်ရေး ပရိုဂရမ်ကလည်း အမေရိကန်နိုင်ငံ နေရာပေါင်း ၅၀၀ ကျော်မှာ ရှိတဲ့ uBreakiFix မှာ ဖုန်းမော်ဒယ်မရွေး ၊ အပျက်အစီးပုံစံ မရွေး အခမဲ့ ပြုပြင်ပေးနေတယ်လို့ ဆိုပါတယ်။ Google ရဲ့ ပရိုဂရမ်ကလည်း ဇွန်လ ၃၀ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က