၂၀၁၉ ဟာ Huawei အတွက် ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်

၂၀၁၉ ခုနှစ်အတွင်း အမေရိကန်အစိုးရရဲ့ ကုန်သွယ်‌ရေး ပိတ်ပင်မှုတွေ ရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ နှစ်အလိုက် အမြတ်ငွေဟာ ၁၉.၁% ရှိခဲ့တယ်လို့ Huawei က ကြေညာပါတယ်။

Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း ယွမ် ၈၅၈.၈ ဘီလျံ(ဒေါ်လာ ၁၂၃ ဘီလျံ) အထိ ဝင်ခဲ့ပြီး အသားတင်အမြတ်ငွေ ၆၂.၇ ဘီလျံ (ဒေါ်လာ ၉ ဘီလျံ) အထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ လုပ်ငန်းလည်ပတ်မှုအတွက် အသားတင် ငွေစီးဆင်းမှုဟာ ယွမ် ၉၁.၄ ဘီလျံအထိ ရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုဟာ ၂၂.၄% ဖြစ်တယ်လို့လည်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။



Photo: Quartz


"၂၀၁၉ ခုနှစ်က Huawei အတွက် တမူထူးခြားတဲ့ နှစ်တစ်နှစ်ပါ။" လို့ Huawei ရဲ့ အလှည့်ကျဥက္ကဌ အဲရစ်ရှုက ဆိုပါတယ်။ "ဖိအားတွေ အများကြီးရှိခဲ့ပေမယ့် ကျွန်တော်တို့ ဖောက်သည်တွေကို ဘာတွေ ပြန်ပေးနိုင်မလဲဆိုတာကို အဓိကထား အာရုံစိုက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ ယုံကြည်လေးစားမှုကို ရဖို့အတွက် အတော်လေး ကြိုးစားခဲ့ကြရပါတယ်။"

Huawei ရဲ့ Carrier လုပ်ငန်းစုဟာ ၂၀၁၉ ခုနှစ်မှာ 5G ကွန်ရက် စတင်ခဲ့ပြီး 5G app များ ဆန်းသစ်တီထွင်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပိုမို တိုးတက်စေဖို့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းများနဲ့ 5G ပူးတွဲတီထွင်ရေး စင်တာများ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း Huawei Carrier လုပ်ငန်းစုရဲ့ ရောင်းအားဝင်ငွေဟာ ယွမ် ၂၉၆.၇ ဘီလျံ အထိ မြင့်တက်လာခဲ့ပြီး နှစ်အလိုက်ရောင်းအား ၃.၈% တိုးတက်လာတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း Huawei ဟာ စမတ်ဖုန်းစုစုပေါင်း သန်း ၂၄၀ အထိ ရောင်းချနိုင်ခဲ့ပြီး Consumer စီးပွားရေးလုပ်ငန်းစုရဲ့ အရောင်းဝင်ငွေဟာ နှစ်အလိုက် ၃၄% နဲ့ ယွမ် ၄၆၇.၃ ဘီလျံအထိ ရောင်းအားတက်ခဲ့တယ်လို့ဆိုပါတယ်။ Huawei ဟာ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေရဲ့ ၁၅.၃% (ယွမ် ၁၃၁.၇ ဘီလျံ) သုတေသနနဲ့ ဖွံ့ဖြိုးရေးပိုင်းအတွက် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က