Photo: Duwun Tech
Mobile Lengends: Bang Bang Professional League (MPL) နာမည်နဲ့ မြန်ာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ဒီပြိုင်ပွဲဟာ အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး မြန်မာဂိမ်းပလေယာများအတွက် အာဆီယံအဆင့်ပြိုင်ပွဲဝင်ဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်လို့ဆိုပါတယ်။
MPL-Myanmar အတွက် အွန်လိုင်းလက်ရည်စစ်ပွဲကို ပထမအဆင့်အဖြစ် စက်တင်ဘာ ၂၉-၃၀ နဲ့ဒုတိယအဆင့်လက်ရည်စစ်ပွဲကို အောက်တိုဘာလ ၆ ရက်နဲ့၇ ရက်များမှာ ကျင်းပသွားမှာပါ။
လက်ရည်စစ်ပွဲမှာ ပထမအကြိမ် ရှုံးနိမ့်သူများဟာ ဒုတိယအဆင့် လက်ရည်စစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး လက်ရည်စစ်ပွဲအောင် အသင်း ၈ သင်းအတွက် ဆုကြေးငွေ ဒေါ်လာ ၈၀၀ ချီးမြှင့်ပေးသွားမယ်လို့ဆိုပါတယ်။
ယခုပွဲအတွက် ရာသီ ၄ ခုအဖြစ် ၃ရက်စီ ခွဲခြားကျင်းပသွားမှာ ဖြစ်ပြီး ပထမရာသီကို အောက်တိုဘာ ၁၉ မှ ၂၁ ၊ ဒုတိယရာသီကို အောက်တိုဘာ ၂၆ မှ ၂၈ ၊ တတိယရာသီအတွက် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နဲ့စတုတ္ထရာသီခွင်ပွဲစဉ်များကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်များမှာ ကျင်းပသွားမှာပါ ။
အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ အပတ်စဉ် ကြာသာပတေးမှ စနေနေ့တိုင်းမှာ ကျင်းပသွားမယ့် ဒီပွဲစဉ်များမှာ ဆုကြေး ဒေါ်လာ ၁၀၈၀၀ အထိ ချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။
Photo: Duwun Tech
နောက်ဆုံးရှုံးထွက်ပွဲစဉ်ကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အနိုင်ရ အသင်းကို ဒေါ်လာ ၁၀၀၀၀ ၊ ဒုတိယဆု ဒေါ်လာ ၅၀၀၀ ၊ တတိယဆု ဒေါ်လာ ၂၀၀၀ နဲ့စတုတ္ထဆု ဒေါ်လာ ၁၀၀၀ ပေးသွားမှာပါ။ ဒီဆုတွေအပြင် အကောင်းဆုံး ကစားသမားဆုအဖြစ်လည်း ဒေါ်လာ ၄၀၀ ပေးသွားမယ်လို့ကြေငြာထားပါတယ်။